2

739 78 10
                                    

"မင်းနဲ့ ကိုယ် လက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး"

တည်တည်ငြိမ်ငြိမ်ပြောလာသူကြောင့်Ricky မျက်ခုံးတွေတွန့်သွားရသည်။

"ဘာကြောင့်လဲ.."

"မင်းပြောသလိုဘဲ အကြောင်းပြချက်မရှိဘူး"

ထိုမျက်နှာလှလှနဲ့ကောင်လေးဟာ တကယ်ကိုမလွယ်ကျောဘဲလို့ သူထင်မိသည်။

"ဘာကြောင့်ဘဲဖြစ်ဖြစ် ကျွန်တော်နဲ့လက်ထပ်ရမယ်"

"ကိုယ် မရင်းနှီးတဲ့သူနဲ့ လက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးRicky မင်းသာကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်ကိုချစ်နေတဲ့လူဆိုရင်တော့ တစ်မျိုးပေါ့ အဟင်း"

ပထမဆုံး ထိုကောင်လေး နှုတ်မှ ထွက်လာသည့် သူ့နာမည်ဟာ တစ်မျိုးတစ်ပုံနားထောင်ကောင်းနေသလို။
But..
ဘာကြောင့် ငါကသူ့ချစ်ရမှာလဲ ထိုကောင်လေးတကယ်ရူးနေပြီဘဲ။
ရယ်သံကိုက ကြောက်ဖို့ကောင်းလှသည်။

"ကျွန်တော် ယောကျ်ားတွေကို မကြိုက်ဘူး"

လေသံကိုမိုင်ကုန် တင်းထား၍ မခံမရပ်နိုင်ပြောလာသော Rickyကြောင့် Taeraeတစ်ယောက် စိတ်ထဲမှသာလှောင်ရယ်မိသည်။

သူဆေးရုံကနိုးလာတည်းက Rickyနဲ့စကားများနေရခြင်းဖြစ်သည်။

"ကိုယ်လဲမင်းလိုပါဘဲ ဒါကြောင့် မင်းလို
ယောကျ်ားတစ်ယောက်နဲ့လက် မ ထပ် နိုင်ဘူး"

Taeraeဟာ တကယ်တော့ ဆေးရုံကနိုးနိုးခြင်း ဒီလိုစကားများနေရခြင်းကြောင့် ခေါင်းကိုက်တာတို့ ဘာတို့ဖြစ်နိုင်ပေမယ့်
သူနဲ့စကားများနေသောသူမှာ Rickyဖြစ်နေခြင်းကြောင့်လားမပြောတတ် တစ်မျိုးတစ်မည် ပျော်ဖို့ကောင်းနေသည်လို့ထင်မိသည်။
စကားများရခြင်းအကြောင်းအရင်းက "လက်ထပ်ခြင်း" ဖြစ်နေတော့ သူတကယ်ကိုအော်သာရယ်လိုက်ချင်တော့သည်။

ဒီကလေး သူ့ကိုလာနောက်နေတာဘဲ..
ကြည့်ရတာ သူ့ထက်ငယ်ပုံပေါ်ပေမယ့် သူ့ကိုအငယ်လိုသာဆက်ဆံနေတဲ့Rickyကြောင့် မဆိုသလောက်တော့ စိတ်ထဲခံရခက်နေသည်။

Rickyက သူ့ကိုပြောမနိုင်တော့စွာ ဆေးရုံခန်းထဲမှထွက်သွားပြီး တံခါးကိုလဲဆောင့်ပိတ်သွားသည်။
တကယ် ဂျစ်တူးဘဲ...
Taerae ခေါင်းရမ်းရုံသာတတ်နိုင်တော့သည်။

My Husband Hurt Me(Complete)Where stories live. Discover now