"မင်းပြော! အဲဒီကောင်မလေးကဘယ်သူလဲ မင်းနဲ့ဘယ်လိုဆက်ဆံရေးလဲ"
"မောင် သေချာချက်ပြုတ်ပေးထားတာလေး အရင်းစားကြည့်ပါအုံး"
သိချင်တာ အခုထိမသိရသေး၍ Taerae မကျေနပ်သော်လည်း စေတနာနှင့်ချက်ပြုပေးထားသော ဆန်ပြုတ်ပူပူအား မြည်းကြည့်လိုက်သည်။
"ဝါးးး"
"ဘယ်လိုလဲ ကောင်းတယ်မလား"
သူ့ဆီမှ ရလဒ်ကိုစိတ်ဝင်တစားဖြစ်နေသော Rickyအား မျက်စောင်းလေးထိုး၍
"မင်းကိုယ်တိုင် ဘာလို့မြည်းမကြည့်တာလဲ"
"မောင့်လက်ရာမောင်ယုံပြီးသား နောက်ပြီး မောင်ဆန်ပြုတ်မကြိုက်ဘူး"
"ဒါဆို ဘာလို့မေးနေသေးလဲ"
"Tae ချီးကြူးတာခံချင်လို့ပေါ့ ဘယ်လိုလဲ မောင်တော်တယ်မလား"
"မဆိုးပါဘူး"
ဒါလေးပြောလိုက်တာ ဘာတွေကျေနပ်နေတယ်မသိ နှခမ်းတွေကော့တက်လို့ပြုံးနေတဲ့ Rickyကို Taeraeနားမလည်။
"ကဲ အဲတော့အခုပြောလို့ရပြီလား"
"အဲဒီမိန်းကလေးက မောင်နဲ့ အဲဒီနေ့မှစတွေ့ဖူးတာ အဲဒီနေ့က အလုပ်ကိစ္စစကားပြောခဲ့ကြတာ Taeသေချာမကြည့်လို့ မောင်တို့နောက်မှာ တခြားလုပ်ငန်းရှင်တွေလဲရှိတယ်လေ Taeတွေ့လိုက်ရတဲ့အခြေအနေကတော့ သူမရဲ့ ဖိနပ်အမြင့်ကြောင့် ခြေထောက်နာနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မောင့်လက်ကို
လာတွဲတာ မောင်က ပြန်ဖြုတ်ချဖို့လုပ်တဲ့အချိန် Taeတွေ့လိုက်ရတာဖြစ်မယ်""ကိုယ်က ဘယ်လိုယုံရမှာလဲ"
"Taeက မောင့်ကိုမှမယုံရင် ဘယ်သူ့ကိုသွားယုံမှာလဲ ဟိုအမျိုးသမီးပြောတာယုံမှာလား"
အမေးကိုအမေးနဲ့ တုံ့ပြန်လိုက်တဲ့Rickyကို Taeraeက ပြန်ကြည့်လိုက်တော့ မျက်ခုံးတွေတွန့်ချိုးနေသည်။
"ကိုယ် အဲလောက်မတုံးဘူး"
"မောင့်ပြောတာအမှန်တွေပါ ယုံပေးပါလို့မပြောလိုပေမယ့် သေချာစဥ်းစားပေးဖို့ မောင်တောင်းဆိုပါတယ် နောက်ပြီး Tae ကိုပိုပြီးအထင်အမြင်လွဲစေခဲ့တာ အဲဒီအမျိုးသမီးကြောင့်ဘဲ အခုTae ကိုခေါ်ထားတဲ့အထိပါ.."