နှစ်ထပ်တိုက် စံအိမ်တစ်မျှခမ်းနားတဲ့ အိမ်တော်တွင် အမျိုးသားတစ်ဦး မီးဖိုခန်းထဲတွင် ချက်ပြုတ်ရင်းအလုပ်များနေလျက်ရှိသည်။
အိမ်အကူလဲခေါ်မထားတာကြောင့် Taeraeကိုယ်တိုင် သားနှင့်မောင့် အတွက် ချက်ပြုတ်နေရခြင်းဖြစ်သည်။
ဧည့်ခန်းထဲတွင်တော့..
"ထယ်ထယ့်ကို Daddy ဘာပြောထားလဲ"
ပုံမှန်လေသံနှင့်မေးနေရုံလေးတင် သားဖြစ်သူမှာ မျက်ရည်များဝဲနေလျက်ရှိတာကြောင့် Ricky တင်းမာနေတဲ့ မျက်နှာအား အနည်းငယ်လျော့လိုက်ရသည်။
အခု သားကို ဆူမှာဖြစ်ပေမယ့် သားငိုရင်တော့ သူဆူခံရမှာမို့ ငိုသွားလို့မဖြစ်။
ထိုအချိန် သားဆီမှ ရှိုက်သံနှင့်ရောထွေးလို့
အသံသေးသေးလေးထွက်လို့လာသည်။"ရန်ဖြစ်ရင် ကိုယ်အရင်ဦးအောင် ထိုးရမယ်လို့ ပြောထားပါတယ် Daddy ဟင့်"
6နှစ်အရွယ်ပင်ရောက်လာပြီဖြစ်တဲ့သူတို့ကလေးဟာ Rickyလိုပင် ခံစားချက်တွေထိန်းချုပ်တတ်နေပြီ။
မျက်ရည်တွေသာဝဲလျက် ငိုတော့ငိုမလာခဲ့ပါ စကားကိုလဲ မထစ်မငေါ့စေဘဲ ပြောလာတဲ့ သားကြောင့် သူကိုယ်သူဂုဏ်ယူနေမိသည်။Tae ကတော့သားကို စိတ်ခံစားချက်ထိန်းချုပ်ထားတာမျိုးမကြိုက်ဟုပြောသည်။
ဒါပေမယ့် အဲလိုထိန်းချုပ်နိုင်လေ လူတွေက သူတို့အားနည်းချက်ကိုမမြင်နိုင်လေလို့ Rickyကမြင်သည်။"အခုတော့ဘယ်လိုဖြစ်လာလဲ"
အရမ်းတင်းမာမနေပေမယ့် Ricky လေသံဟာတည်ငြိမ်နေဆဲ..
"အရင်ထိုးခံလာရပါတယ် Daddy"
Ricky ဒေါသထွက်လိုက်လေခြင်း။တစ်ခုခုဆို ငြိမ်မခံဘဲပြန်လုပ်လာခဲ့ ဆိုတဲ့ဆုံးမစကားအပြင် ဦးအောင်ပါဆော်ထည့်လာခဲ့လို့ Tae..မသိအောင်သင်ပေးထားခြင်းဖြစ်သည်။
အခုတော့ ကိုယ့်သားကအရင် ထိုးခံခဲ့ရသည်တဲ့။
"နောက်တစ်ကြိမ်အဲလိုဖြစ်မလာစေနဲ့ ထယ်ထယ် Daddyလုံးဝမကြိုက်ဘူးနော်"
"ဟုတ် အခုလဲ သားကို သူကတစ်ချက်ဘဲထိုးလိုက်ရတာ သားက 5ချက်ထိုးလိုက်ရတယ် Daddy နောက်တစ်ခါဆို 6ချက်ထိုးလိုက်မယ်Daddy"