7

620 73 5
                                    

အိမ်ကိုပြန်ရောက်ပြီးကတည်းက
Taeraeနှင့် Ricky ဧည့်ခန်းတွင်မျက်နှာချင်းဆိုင်ထိုင်နေတာ တစ်နာရီနီးပါးရှိပြီဖြစ်သည်။
Taerae အတွေးတွေနဲ့ ထိပ်လန့်မှုတွေရောထွေးနေပြီး ဘာစကားမှမပြောနိုင်။
မျက်ရည်တွေတောင် ခြောက်လုခြောက်ခင် ဖြစ်နေလေပြီ။
ခဏ ကြာတော့ Rickyဆီမှ စကားသံထွက်လာသည်။

"ဘာတွေဖြစ်လာခဲ့လဲ ကျွန်တော့်ကိုပြောပြဖို့အစီစဥ်မရရှိဘူးလား"

Rickyမေးနေခြင်းဟာ သိချင်လွန်းလို့မဟုတ် CCTVမှတစ်ဆင့် အားလုံး သူပြန်ကြည့်လို့ရသည့်အခြေအနေ ဒါပေမယ့် ဟျောင်းကိုယ်တိုင် သူ့ကိုအားကိုးတကြီးဖွင့်ပြောလာတာကိုကြားချင်၍ မေးနေခြင်း။
ဟျောင်းအတွက် သူဟာ အားကိုးအားထားရာ ဖြစ်လိုသည်။
နောက်ပြီး သူက Kim Taeraeရဲ့နောက်ကြောင်းကို လုံးဝမစုံစမ်းထားခြင်းတော့မဟုတ်။
ဒါ သူနဲ့Gyu နှစ်ဦးတည်းသာသိသောကိစ္စတစ်ခု Daddyတောင် မသိနိုင်သည့်အရာဖြစ်သည်။

"ကိုယ် အရင်ကဘာတွေဖြစ်ခဲ့လဲ မသိချင်တော့ဘူး သိဖို့လဲမကြိုးစားချင်တော့ဘူး Ricky"

သေချာဆုံးဖြတ်ထားပြီးဟန် ထွက်လာသောစကားဖြစ်တာကြောင့် ဟျောင်းကိုကြည့်၍ Ricky သက်ပြင်းချမိသည်။

"အင်း ဒါကဟျောင်းသဘောပါ ကျွန်တော်ကဆုံးဖြတ်ပေးလို့မှမရတာ "

"အဲဒီအစား မင်းတစ်ယောက်တော့ ကိုယ့်အပေါ်ကောင်းပေးမယ်မလား Ricky"

မျှော်လင့်ချက်တွေပျော်ဝင်နေတဲ့ မျက်လုံးတွေနဲ့ Taeraeက ကြည့်ပြီးပြောလာခြင်းဖြစ်သည်။
အရာအားလုံးကို မသိရလဲဖြစ်ပါသည် ဘယ်သူမှ သူ့ကိုအလိုမရှိလဲဖြစ်ပါသည် Rickyသာ သူ့အနားမှာရှိရင် အဆင်ပြေနိုင်ပါလိမ့်မည်။သေချာတဲ့အကြောင်းပြချက်မရှိပေမယ့် ဒါဟာRickyကိုစမြင်ကတည်းက ခံစားမိခြင်းဖြစ်သည်။

"အင်း ကျွန်တော့်ကိုအားကိုးလို့ရပါတယ်"

Ricky စကားကို Taeraeယုံကြည်ချင်ပါသည်။အခုချိန်မှာ သူ့လိုရေနစ်နေသူအတွက် Ricky ဟာ ကောက်ရိုးမျှင်လေးတစ်ချောင်းဖြစ်သည်။
သူနေထိုင်လိုရာအသိုက်အမြုံလေးဆိုလဲမမှား။ထိုအသိုက်အမြုံလေးဟာ သူ့အပေါ် နွေးထွေးကြင်နာပေးဖို့ သူမျှော်လင့်မိသည်။

My Husband Hurt Me(Complete)Where stories live. Discover now