မောင် စကားတည်သည် အိမ်ပြန်နောက်ကျမယ် လို့ပြောထားတဲ့အတိုင်း ည 7နာရီထိ ပြန်ရောက်မလာသေးပါ။
အလုပ်တွေ ဘာကြောင့် ဆက်တိုက်လုပ်နေလဲTaeraeတွေးမရ။
ကိုယ်ကသာအရေးကြီးတယ်ပြောပြီး ကိုယ့်ကိုပြစ်ထားတာကျ မောင်လွန်သည်ဟုထင်မိသည်။
စိတ်ဆိုးမယ်ကြံခါမှ မောင်တစ်ယောက်အလုပ်ပင်ပန်းနေတော့မှာ ဟုတွေးမိပြန်တော့ စိတ်ဆိုး၍မရတော့။
ဟင်း...မောင်နဲ့လဲခက်ပါသည်။~~~~
တစ်ဖက်တွင်"Boss ဒီနေ့စိတ်ညစ်စရာတစ်ခုခုရှိလို့လား မျက်နှာလဲမကောင်းဘူး"
တစ်နေကုန် ရှိသမျှအလုပ်တွေအား စက်ရုပ်တစ်ရုပ်လို ဆက်တိုက်လုပ်နေပေမယ့် Boss ဖြစ်သူ၏မျက်နှာမှာ မကြည်မသာရှိလှတာကြောင့် အတွင်းရေးမူးမှာလဲမနေသာတော့ဘဲထုတ်မေးရသည့်အဖြစ်။
Rickyကလဲ Rickyပါပင် ဒီနေ့မှအလုပ်တွေမပြီးလျှင် သူနဲ့Tae ကြားမှာ အဖုအထစ်ထပ်ပေါ်လာနိုင်တာကြောင့် ပြီးမှဖြစ်မယ်ဆိုတဲ့စိတ်နှင့်အလုပ်ကိုသာအာရုံစိုက်ထားမိသည်။
ထိုသို့လုပ်နေသည့်ကြားမှ တစ်ချက်တစ်ချက် မျက်ရည်ဝိုင်းနေသောမျက်ဝန်းများဟာအတွေးထဲဝင်လာသည်။
အားငယ်ဝမ်းနည်းစိတ်ကြောင့် တုန်ယင်နေတဲ့အသံဟာ Rickyနားထဲထွက်မသွား....
ချစ်ရသူ စိတ်အခြေအနေမကောင်းတော့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နှင့် တစ်နေကုန် မျက်ခုံးတွေဟာတွန့်ချိုးလျက်။
အလိုမကျစွာ သေချာလုပ်နေပေမယ့် မပြီးဆုံးနိုင်တဲ့အလုပ်တွေကြောင့် ဒေါသလဲထွက်နေမိသည်။
အိမ်တွင်မျှော်နေတော့မည့် ပုံရိပ်လေးအားမြင်ယောင်မိတော့..."တောက်ခ်!"
Rickyဆီမှ တောက်ခေါက်သံကြောင့် ဘေးမှအလုပ်ဝိုင်းကူနေသောအတွင်းရေးမူးမှာ တုန်တက်သွားရသည်။
"Boss ဘာကိုဒေါသထွက်နေတာလဲဟင်"
ကြောက်ကြောက်နှင့်မေးလိုက်ရတာကြောင့် အသံဟာတုန်တုန်ယင်ယင်။
ရယ်တာပြုံးတာရှားတဲ့Bossဟာ အလုပ်တွင် ဒေါသလဲထွက်ခဲသည်။
ဒေါသထွက်ပြီဆိုလျှင်လဲ အနားသွားမကပ်ရဲအောင် ကြောက်လဲကြောက် ရှိန်လဲရှိန်ဖို့ကောင်းသည်။
