1

1.1K 84 9
                                    

"အဲတော့ မင်းဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ?"

Gyuအမေးကို သူချက်ချင်းအဖြေမပေးနိုင်။
ဘာဆက်လုပ်ရမလဲ..?
အခုလောလောဆယ်တော့ Gyuနဲ့သူ့ကို ပေါ်တင်တစ်မျိုး ခိုးကြောင်ခိုးဝှက်တစ်မျိုး ငေးနေကြသောLadyတွေထံသာ အကြည့်ရောက်မိသည်။
ခက်သည် သူကအကြည့်တစ်ချက်ပို့လိုက်လျှင်ဘဲ ​မိုးမမြင်လေမမြင် ကြွေသွားကြသော မိန်းမတွေဟာသိပ်ခက်သည်။
တစ်ဖက်တွင်လဲ သူ့ကိုယ်သူ အထင်ကြီးမိသလို အခြားတစ်ဖက်တွင်လဲ သူ မိန်းမတွေကို အထင်သေးမိပြန်သည်။
သူ့က ကလက်ချောင်းလေးတစ်ချောင်းတောင် အလုပ်မပေးလိုက်ရဘဲ အနားရောက်လာသော မိန်းမတွေကြောင့် သူဟာမိန်းမရှုပ်သည်ဟု နားမည်ကြီးသည်။

အခုလဲကြည့်လေ ဘားတစ်ခုလုံးထဲတွင် ယောကျ်ားလေးတွေ အများပြားရှိနေတဲ့ကြားက ဘားအတွင်းရှိမိန်းကလေးတွေအားလုံးနီးပါးဟာ သူနဲ့Gyuဆီသာ လာဝဲချင်နေကြသောလိပ်ပြာလေးတွေလို..
သူတိူ့မျက်လုံးထဲမှာလဲ ပိုင်ဆိုင်ချင်လိုက်တာ ဆိုတဲ့စာတန်းကြီးဟာ အထင်းသား..။

ဟက်
သူ့ရယ်သံကြောင့် ဘေးမှသူငယ်ချင်းကြီးက အကဲခတ်သလိုကြည့်လာသည်။

"ငါ့ကိုမမေးဘဲ မင်းကောင်လေးနဲ့ရော အဆင်ပြေရဲ့လား အရင်​ဖြေ"

Ricky အမေးစကား​ကို Gyuကပခုံးတစ်ချက်တွန့်ပြလျက်

"ငါ့ကောင်လေးဖြစ်ဖို့ ကြိုးစားနေဆဲ.."ဟု အသံမသာမယာဖြေလာသည်။

Gyuအဖြေကြောင့် Ricky ခေါင်းတစ်ချက်ရမ်း၍ သူတို့နှစ်ဦးကို ဝိုင်းငေးနေကြသောကောင်မလေးများအား ကြည့်လျက်..

ခက်သည်.. Gyuနဲ့သူ ဟာ မိန်းကလေးတွေသာမကာယောကျ်ားငယ်ငယ်ချောချောလေးတွေကြားမှာပါ ရေပန်းစားသည်လို့ပြောလို့ရသည်။ဒါပေမယ့် အဲဒီကောင်လေးတွေထဲ Gyu အချစ်တော် Han Yujinတော့မပါခဲ့..

သူကတော့ရှင်းသည် သူ့အနားရောက်လာရင်တွဲပေးလိုက်သည် တစ်လပြည့်လျှင်ခွာထုတ်သည်။
ဒီလိုနဲ့ တွဲလိုက်ပြတ်လိုက် သံသဃာလည်နေတဲ့သူ့ကို Daddyက မိန်းမရှုပ်ခြင်းဟူသော ခေါင်းစဥ်အောက် ဆွဲသွင်းသည်။

ဒီအချက်ကိုအကြောင်းပြု၍ Daddyက သူစီစဥ်ပေးတဲ့မိန်းကလေးနဲ့ အတင်းအကျပ်ကိုလက်ထပ်ခိုင်းနေတော့သည်။
သူ Daddyကိုနားလည်ပေးလို့ရသည် သူ့ကို မာမီ့လို မိန်းကလေးမျိုးနဲ့တွေ့မှာ စိုးရိမ်နေသောကြောင့်ဖြစ်မည်။

My Husband Hurt Me(Complete)Where stories live. Discover now