မောင်တို့နောက်တစ်ကြိမ်လက်ထပ်ကြရအောင်လို့ မောင်ပြောခဲ့စဥ်က စနေတယ်ဘဲထင်နေခဲ့တာ အခုချိန်မှ အတည်ပြောခဲ့တာဖြစ်ကြောင်းယုံရတော့သည်။
ထိုနေ့ကစ မောင်ကရုံးကိုမသွားဘဲ 1ပတ်မဟုတ် 10ရက်လောက် အိမ်မှာနေ၍ အလုပ်ကိုညွှန်ကြားစေသည်။
ထိုရက်တွေအတွင်းမှာပင် မောင်က မင်္ဂလာပွဲအတွက် တိတ်တဆိတ်ပြင်ဆင်နေခဲ့ခြင်းဖြစ်မည်။"Tae..အချိန်ကျပြီ သွားကြရအောင်လေ"
ဘေးမှ မောင်လာသတိပေးတော့မှ Taerae အတွေးတွေဆီမှလွတ်မြောက်လာ၏။
မောင်ဟာ ဒီနေ့သိပ်ကိုခန့်ငြားနေပါ၏ ကျောက်စီရင်ထိုးလေးပါသော Suit အဖြူရောင်ကို အပြည့်စုံဝတ်ဆင်ထားသည့်မောင်က တကယ်ကိုနတ်သားလေးတစ်ပါးအလား ချောမောခန့်ငြားနေသည်။
Taeraeလဲ မောင်နဲ့ဆင်တူပင် မောင့်လောက် အရပ်ရှည်မနေပေမယ့် ဒီနေ့တွင် Taeraeပါးချိုင့်တွေဟာ ပြုံးနေရသည်ကြောင့်အားလပ်ချိန်မရှိ ထိုပါးချိုင့်လေးတွေကဘဲ Taerae၏ကြည့်ကောင်းခြင်းကိုပံ့ပိုးနေသည်။
ကိုယ့်ကိုယ်ကို ချီးမွှန်းနေတာမျိုးမဟုတ် မျက်တောင်မခတ်တမ်း ပြုံး၍စိုက်ကြည့်နေသောမောင်က သက်သေပင်။"မောင့်အချစ် ဒီနေ့ သိပ်ကိုလှနေတယ်.."
မောင်ကကြင်ကြင်နာပြော၍ နူးနူးညံ့ညံ့ပင် Taeraeနဖူးကို အနမ်းတို့ပေး၏။
"မောင့်စကားကဘယ်လိုကြီးလဲ ကိုယ်ကလှရအောင် မိန်းကလေးမှမဟုတ်ဘဲ"
Taeraeက အလိုမကျသလိုလေးပြောလာပါလျှင်
"မောင်ပြောတာက မောင့်Tae ရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းက မောင့်အတွက် အရမ်းလှနေတာ Beautiful လေ"
ဟန်းဂုစကားသေချာအဓိပ္ပာယ်ပေါ်လွင်အောင်မပြောတတ်သေးတဲ့မောင်က Taeraeမရှင်းမှာကြောင့် English စကားတွေပါထည့်ညှပ်ပြောလာ၏။
"အွန်းပါ မောင်ကလှတယ်ဆိုလဲလှတယ်ပေါ့ အခုအချိန်ကျနေပြီမို့ ခန်းမကိုသွားကြတော့မလားမောင်"
မောင်က လက်တစ်ဖက်ကို Taeraeချိတ်လို့အဆင်ပြေအောင် ပြင်ပေးထားတာ
ကြောင့်Taerae မောင့်လက်ကိုချိတ်လိုက်သည်။
![](https://img.wattpad.com/cover/344236335-288-k97658.jpg)