11

638 79 25
                                    

ဒီနေ့နဲ့ဆို Taerae ဒီတိုက်ခန်းလေးကိုရောက်နေတာ ၂ရက်ရှိပြီဖြစ်သည်။
အခုချိန် Ricky သူ့ကိုရှာနေမလား စိတ်ပူနေမလား စတဲ့ အတွေးတွေ မကြာခဏတွေးမိတတ်သည်။
Rickyဘေးမှာသူမရှိလဲအဆင်ပြေမှန်းတစ်ခါ တစ်လေ သူမေ့နေတတ်သည်။

ကျလာပြန်ပြီ ဒီမျက်ရည်တွေ...။
၂ရက်လုံး မျက်ရည်တွေဘဲ ကျနေတတ်၍ မျက်လုံးတွေနာနေပြီဖြစ်သည်။
အစားအသောက်တွေ ပုံမှန်ပို့ပေးပေမယ့်
သူမစားဖြစ်။
စားချင်စိတ်မရှိတာဆို ပိုမှန်လိမ့်မည်။

လွန်ခဲ့တဲ့ရက်တွေက သူ့စိတ်ကူးလေးမှာ အရမ်းလှပခဲ့သည်။
Ricky အလုပ်မသွားခင် သူ မနက်စာပြင်ဆင်ပေးမည်။
Rickyအလုပ်ကပြန်လာသည်အထိ သူမအိပ်ဘဲစောင့်မည်။ ညစာအတွက်လဲသူ ကြိုပြင်ဆင်ထားမည်။ နေ့ခင်းစာကိုတော့ Rickyက ကုမ္မဏီမှာဘဲစားလေ့ရှိတာကြောင့် သူပြင်ပေးဖို့မလိုလောက်။
အလုပ်နားရက်တွေဆို နှစ်ယောက်အတူ ဈေးဝယ်ထွက်မည်။
အတတ်နိုင်ဆုံး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရင်းနေသွားမည်။ဒီလိုဆို အချစ်မပါလဲ သူတို့အိမ်ထောင်ရေးဟာအဆင်ပြေနိုင်ပါသည်။
စိတ်ကူးတွေဟာ စိတ်ကူးသက်သက်ဘဲဖြစ်ခဲ့ပုံပေါ်သည်။

တစ်ရက်နဲ့တစ်ရက် ပြောင်းလဲလာတဲ့အခြေအနေကို သူနေသားမကျသေး။

သူ့ဦးနှောက်ထဲတွင် မေးခွန်းမြောက်များစွာရှိနေသည်။

"ဒုန်း ဒုန်း ဒုန်း!!"

အပြင်မှ တံခါးထုရိုက်သံကြောင့် Taeraeခန္ဒာကိုယ်လေးလန့်လို့တုန်ယင်သွားရသည်။
သူဒီမှာရှိနေတာ အန်တီတစ်ယောက်သာသိသည်။ဒါကလဲ အန်တီကိုယ်တိုင်သူ့ကို ပေးနေစေခဲ့ခြင်းဖြစ်သည်။
အန်တီကပြောသည် တစ်ပတ်အတွင်း ခရီးထွက်ဖို့ သူအားလုံးပြင်ဆင်ပေးမည်တဲ့။
သူလက်မခံခဲ့ပါ သူ့တွင်တွေးစရာတွေများလွန်းလို့သာ ခဏပုန်းရှောင်နေမိခြင်းဖြစ်သည်။
ထိုအမျိုးသမီး ပြောသမျှ လိုက်နာနေရအောင် သူ့တွင် တာဝန်မရှိဟု ခံယူထားသည်။
သို့သော် အန်တီလာရင်လဲ အဲလို တံခါးကိုအကြမ်းပတမ်းထုရိုက်လိမ့်မည်မဟုတ်။

ဒါဆို...
ဟာ မဖြစ်နိုင်တာ။Taerae ဆံပင်အုပ်အုပ်တို့လေမှာဝဲနေသည်အထိခေါင်းကို ခါရမ်းလိုက်မိသည်။သူ တော်တော်လေးအတွေးတိမ်မိသည်ဘဲ။
ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လဲ.. သူ့မှာ ကောင်မလေးရှိနေတယ်လေ။
သူ့အတွက် Taeraeက အဲလောက်ထိမှအရေးမပါတာ။

My Husband Hurt Me(Complete)Where stories live. Discover now