ထိုနေ့ညက Rickyပြောလာသောစကားကြောင့် Taeraeမှာ အကျင့်လေးတစ်ခုတိုးလာခဲ့သည်။
အဲဒါကတော့ စျေးဝယ်လိုက်ပို့တဲ့အခါ Rickyဆီမှဟျောင်းလို့ခေါ်ခံရဖို့ဂျီကျတတ်သောအကျင့်လေးဖြစ်၏။အပြင်လိုက်မပို့ခင်ညတွင် Taeraeက Rickyအလုပ်ကပြန်အလာကိုစောင့်၍ ဂျီတိုက်တော့သည်။
အလုပ်ကပြန်လာတဲ့ Rickyနောက် တကောက်ကောက်လိုက်၍ လိုချင်တဲ့အဖြေမရမချင်း လိုက်ပြောနေသည့်Taeraeပါလေ။
"Ricky ကိုယ့်ကို လူတွေကြားထဲမှာဟျောင်းလို့ခေါ်ရမယ်နော် မဟုတ်ရင် မင်းကိုလူတွေက ရိုင်းတယ်လို့ထင်လိမ့်မယ် ကိုယ်ကတော့ကိစ္စမရှိပေမယ့်"
"Ricky လူတွေကြားထဲ မင်းသာကိုယ့်ကိုခင်ဗျားလို့ သုံးနှုန်းခေါ်ရင် လူတွေကအထင်မြင်သေးလိမ့်မယ်နော် ကိုယ်တော့မင်းကိုအထင်သေးတာမျိုး မကြိုက်ဘူးရယ်"
"ဒီတစ်ခေါက် လေးဘဲ ဟျောင်းလို့ခေါ်ပေးလို့မရဘူးလားဟင် Ricky"
"အခု ကျွန်တော့်အခန်းထဲထိ လိုက်ခဲ့မလို့တော့မဟုတ်ဘူးမလား"
ကလေးလို တကောက်ကောက်လိုက်နေသော Taeraeမှာ Ricky အခန်းတံခါးဝရောက်နေပြီမှန်းမသိလိုက်တာကြောင့် Rickyပြောလာတဲ့အခါ မျက်နှာလေးတစ်လုံးနီရဲနေတော့သည်။
ဒါပေမယ့်လဲ ဇွဲကောင်းတဲ့ Taeraeကအလျော့မပေး
"မင်းမှ ကိုယ့်ကို ပြန်မဖြေသေးတာ"
ဟု အသံတိုးတိုးဖြင့်ပြောလာပြန်သည်။
ထိုအချိန်မှ Rickyက ခါးလက်ထောက်၍ သက်ပြင်းချလျက် Taeraeမျက်လုံးတွေအား တည့်တည့်ကြည့်ကာ ပြောလာသည်။"ဟုတ်ပြီဗျာ ခေါ်မယ် အဲဒီအစား ကျွန်တော့်နားကဘယ်မှပျောက်မသွားဘူးလို့ ကတိပေး"
"ဟင် ဘာကိုဆိုလိုချင်တာလဲRicky"
"အဟမ်း အပြင်ထွက်ရင်ပြောတာ ခင်ဗျားပျောက်သွားရင် ကျွန်တော်လိုက်မရှာနိုင်ဘူးလေ အဲဒါကြောင့်"
"အင်းပါ သိပါပြီ"
အဓိပ္ပာယ်ဟာ ပြောချင်တာနဲ့လွဲနေတာသိပေမယ့် ဘာဖြစ်ဖြစ် Taerae မရိပ်မိနိုင်ဟု ထင်မိသည်။ဒါကလဲ ကောင်းတာပါဘဲလေ။
YOU ARE READING
My Husband Hurt Me(Complete)
Fiksi Penggemarချစ်မိပြီးသွားရင် ဘာဆက်ဖြစ်မယ်ထင်ပါသလဲ..