"ခင်ဗျားကတော်ရုံမဟုတ်ဘူးဘဲ KimTaerae.."
ထိုစကားကို နတ်ဆိုးတစ်ပါးလိုပြောသွားကာ လှည့်ထွက်သွားသူ Ricky နောက်ကျောအားကြည့်ရင်း ထိန်းထားသည့်မျက်ရည်တွေလွှတ်ထုတ်လိုက်တော့သည်။
အမှန်တကယ်ဆို သူအရမ်းကိုထိတ်လန့်နေပါသည်။
ဒါပေမယ့် သူအားနည်းသည့်ဘက်ခြမ်းကို ဖော်ပြလိုက်လျှင် Rickyဟာ သူ့ကိုလှောင်ရယ်နေလိမ့်အုံးမည်။အလုပ်မရှိဘဲအခန့်သားနေ၍ သူခနဲ့ပြောသည်။
အလုပ်လုပ်ဖို့ ကြိုးစားမိပြန်တော့ ဒေါသထွက်သည်။
နှစ်ဦးသဘောတူလက်ထပ်ထားတဲ့ဆက်ဆံရေးမှာ သူဘာပြောပြော နာခံရမည့်ပုံစံချိုးနေသည်။
စကားကိုပြေပြေလည်လည်ပြောလျှင်ရသားနဲ့ Rickyဟာ သူ့ကိုခနဲ့စကား ခြိမ်းခြောက်စကားတွေသာဆိုသည်။
မဟုတ်မှ..Ricky သူ့ကိုမုန်းနေခြင်းလား။
ဒါဆို သူ့ကိုဘာလို့လက်ထပ်ထားလဲ မချစ်တဲ့သူကိုဘာကြောင့်ချည်နှောင်ချင်နေရတာလဲ
အဲလိုဆို သူဘဲမွန်းကြပ်လာရမှာမဟုတ်ဘူးလား။သူနားခိုချင်တာ နွေးထွေးတဲ့အိမ်မျိုး ဒီလို မွန်းကြပ်ဖို့ကောင်းတဲ့လှောင်အိမ်မှာမဟုတ်ဘူး။
သူ့ကို ဘာကြောင့်နည်းနည်းလေးတောင် နားလည်မပေးနိုင်ရတာလဲ။~~~~
Rickyနဲ့စကားများပြီး နောက်နေ့ခြံစောင့် ဦးလေးကြီးတစ်ယောက်ရောက်လာသည်။
ထုတ်မပြောပေမယ့် Taeraeအား အိမ်ထဲကအိမ်ပြင်မထွက်စေခြင်းဖြစ်ကြောင်း သိနိုင်သည်။
Rickyဟာ သူ့ကို အရုပ်တစ်ရုပ်လို ကစားချင်နေသည်ဘဲ။
ထို့ကြောင့် Taeraeက ခံစားတတ်တဲ့လူဖြစ်ကြောင်းအသိပေးဖို့လိုသည်။တစ်နေ့ကျအလုပ်စားပွဲတွင် မျက်မှန်တစ်လက်နဲ့ အလုပ်ထဲအာရုံစိုက်နေသောRickyအား Taerae စျေးဝယ်ထွက်ရန်ဟူသောအကြောင်းပြချက်နဲ့ အပြင်ထွက်ရန်ခွင့်တောင်းခဲ့သည်။
"Ricky ကိုယ်ခွင့်တောင်းစရာရှိလို့"
"ပြော"
"ကိုယ်ဖွယ်ဖွယ်ရာရာချက်စားချင်လို့စျေးသွားဖို့လိုတယ် ပြီးတော့ တစ်ကိုယ်ရည်သုံး အသုံးအဆောင်တွေလဲဝယ်ဖို့လိုတယ်"
"ဖုန်းနဲ့မှာလိုက်"
"မင်းဘဲ ကိုယ့်ဖုန်းကိုသိမ်းထားခဲ့တာမဟုတ်ဘူးလား ဆေးရုံမှာကတည်းကလေ ဖုန်းအသစ်လဲဝယ်မပေးသေးဘဲနဲ့"