ဒီနေ့ Taerae ဆေးရုံဆင်းသည့်ရက်ဖြစ်၍ Rickyက ကားနဲ့လာကြိုသည်။
Rickyက ကားမောင်းနေရင်း ဘေးမှ လူအား သူသိချင်တာတွေမေးဖို့ကြိုးစားနေသည်။
"ခင်ဗျားကို ကျွန်တော့် Daddyက ဘာတွေပြောပြထားလဲ"
Taeraeက အလိုမကျသလို ကြည့်လာသည်။
"မင်း အသက်ဘယ်လောက်ရှိပြီလဲ"
"20"
"ငါက 22 မင်းထက်2နှစ်ကြီးတယ် ယဥ်ယဥ်ကျေးကျေးပြော"
Taeraeက မလေးမစား ဆက်ဆံခံရတာ တကယ်မကြိုက်။Rickyဟာ ဘယ်လိုဘဲတစ်ဦးတည်းသောသားဆိုဆို အကြီးကိုအကြီးလို လေးစားမှုလေးတော့ထားတတ်သင့်သည်။
"ဘာလဲ ကိုကို လို့အခေါ်ခံချင်နေတာတော့မဟုတ်ပါဘူးနော်"
ရွဲ့သလို ခနဲ့သလို ပြောလာသောစကားကြောင့် Taeraeမှာ ဘာစကားမှပြန်ပြောဖို့အားမရှိတော့သလို စိတ်ကုန်စွာ အပြင်ဘက်ကိုသာငေးလျက်ရှိသည်။
Rickyကားမောင်းရင်း ဘေးက လူကြီးလုပ်ချင်နေသော လူကိုကြည့်မိသည်။
"ခင်ဗျားကို ကျွန်တော်ကြည့်မိတိုင်း ငေးနေတာဘဲများတယ်နော်"
တကယ်ကို Taeraeဟာ အချိန်တိုင်းလိုလို ငေးမိငေးရာငေးနေတတ်သည်။ဒါကလဲ သူ့အကျင့်တွေထဲကတစ်ခုဖြစ်မည်။
"ကိုယ့်မှာ တွေးစရာတွေများလွန်းတယ် Ricky အခုချိန်မှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေသလိုခံစားနေရတယ်.."
တကယ်ကို Kim Taeraeဟာ သူ့ကိုယ်သူပျောက်ဆုံးနေသလို စိတ်ဓာတ်ကျနေတဲ့ပုံဖြစ်လို့နေသည်။
ဒါကို Rickyလဲ ဘယ်လိုကူညီပေးရမည်မှန်းမသိ။အဲဒါထက် သူတို့အားလုံးဟာ Taeraeကိုအတုအယောင် ဇာတ်လမ်းတစ်ပုဒ်အောက်
ဆွဲသွင်းခဲ့ကြသည်မဟုတ်လား။အတိတ်ကိုသာပြန်သတိရသွားရင် KimTaerae ဘယ်လိုဖြစ်သွားမလဲ တစ်ခါတစ်လေတော့တွေးကြည့်မိသည်။
ဒါပေမယ့် ဒါတွေက သူ့အတွက်အရေးမကြီးဟုယူဆထားသည်။"ကျွန်တော်မေးတဲ့မေးခွန်းကို ခင်ဗျားမဖြေသေးဘူးနော်"
Ricky က စကားလမ်းကြောင်းလွှဲသွား၍ မေးခွန်းဆီကိုသာပြန်ဆွဲခေါ်လာသည်။
