"မောင် ဒီနေ့ပြန်တာနောက်ကျမယ်နော် Tae .."
ဘယ်တုန်းကရော စောပြန်လာလို့လဲလို့ Taeraeမေးလိုက်ချင်သည်။
မောင်ဟာ အခုနောက်ပိုင်း အလုပ်ထဲပင်ခေါင်းနှစ်နေတာဖြစ်ပြီး တစ်ခါတစ်ရံ အိမ်တွင် မောင်အပြန်လာကိုစောင့်နေတတ်သော Taeraeအား ပင် မေ့နေတတ်သေးသည်။"မောင့်သဘောပါ.."
စိတ်မပါလက်မပါဖြေသံကြောင့် Ricky မျက်ခုံးတွေအနည်းငယ်တွန့်ချိုးသွားသည်။
သူ့အသည်းအသက်လေး ဘာကိုစိတ်အလိုမကျဖြစ်နေပါလိမ့်.."အသံကလဲ စိတ်ဆိုးနေတဲ့အသံကြီးနဲ့.."
"ကိုယ် ပုံမှန်ဘဲပြောတာ Ricky ကြားချင်ရာကြားနေတာ"
နာမည်တွေပါ ထုတ်ခေါ်လာပုံအရ တော်တော်လေးစိတ်ဆိုးနေတဲ့ပုံဘဲမို့ Ricky မှာ သူဘာအမှားလုပ်ထားမိလဲ စဥ်းစားနေပြီဖြစ်သည်။
"မောင် ဒီနေ့အလုပ်မသွားဘဲနေလိုက်ရမလား Tae...."
အသံတွင်သကြားတွေထည့်၍ မျက်နှာငယ်နှင့်ပြောမိတော့ မျက်နှာချင်းဆိုင်မှ ကော်ဖီခွက်အားမသောက်ဘဲကြည့်နေသော ချစ်ရသူ၏မျက်ဝန်းလေးများ လဲ့လာသည်ကို မြင်လိုက်ရ၏။
Taeraeစိတ်ထဲမှာ Rickyစကားအား အကြိမ်တစ်ရာမက ထောက်ခံနေပေမယ့်
သူက အကြီးဖြစ်တာကြောင့် နည်းနည်းတော့ဟန်လုပ်ရအုံးမည်။"အဟမ်း မင်းဘဲ အလုပ်ကအရေးကြီးကိစ္စရှိတယ်ဆို ကိုယ့်ကိုပြောထားတယ်မလား"
"မောင့်ဘဝမှာ ကင်ခ်ထယ်ရယ်ဆိုတဲ့ အစ်ကိုသေးသေးလေးထက်အရေးကြီးတာရှိပါ့မလားကွာ"
အပြောလေးတွေကတော့ ကြွေဖို့ကောင်းသည်။
ထယ်ရယ်ကိုယ်တိုင်လဲ ယုံစားပြီး ကြွေဆင်းမိတော့မလို့ပင်။
သို့ပေမယ့် 5မိနစ်မကြာလိုက်.."ဒါပေမယ့် ဒီနေ့တော့သွားရမယ်Tse နောက်နေ့ နောက်နေ့တွေမှာ မောင့်အချစ်နဲ့အတူရှိပေးမယ်နော် မောင့်ကိုနားလည်ပေးမယ်မလား"
နားလည်မပေးနိုင်ဘူး ဟုပြောလိုက်ရင် ကိုယ်ကကလေးဆန်ရာကျအုံးမည်။
တကယ်လဲ ကလေးဆန်နေမိသည်ကို Taeraeကိုယ်တိုင်လဲ သိသည်။
သို့ပေမယ့် မတတ်နိုင် မောင်နဲ့ပတ်သက်ရင်သူ ကအမြဲ ကလေးဆန်ချင်မိသည်။
![](https://img.wattpad.com/cover/344236335-288-k97658.jpg)