ဥက္ကဌ Shen ရှေ့မှ အမျိုးသမီးကိုကြည့်နေမိသည်။
ဖြစ်နိုင်ရင် ဒီဘဝမှာ ထိုအမျိုးသမီးနဲ့ထပ်မတွေ့ပါစေနဲ့လို့
ဆန္ဒပြုဖူးသည် အခုတော့ သားငယ်ကြောင့် စကားပြောရပေအုံးမည်။"မင်း ဘာလိုချင်လို့ ငါ့သားဘဝကို ဝင်စွတ်ဖက်နေတာလဲ"
သူ့စကားကို ထိုအမျိုးသမီးက မယုံနိုင်သလို မျက်လုံးလှန်ကြည့်လာ၏။
မူယာမာယာတွေ များနေတုန်းပါဘဲလား..။"ရှင် ဘယ်လိုများပြောလိုက်တာလဲ ချွမ်ရွေ့က ကျွန်မကိုယ်တိုင် မွေးထားတဲ့သားပါ ကျွန်မသားကိစ္စမှန်သမျှ ကျွန်မနဲ့သက်ဆိုင်တယ်!"
"Rickyကို ငါ့ဆီငွေနဲ့လဲလို့ ထွက်ပြေးသွားတာဘယ်သူလဲ ငါတို့သားအဖရှေ့ ဘယ်တော့မှရောက်မလာစေရပါဘူးလို့ပြောခဲ့တာ ဘယ်သူလဲ"
"အဲဒါက ကျွန်မ.."
"ငါ့သားကို ငွေနဲ့လဲလို့ မင်းကောင်းစားနေတဲ့အချိန် ငါ့သားက အိမ်မက်ဆိုးတွေကြား စိတ်ဒဏ်ရာဖြစ်ခဲ့တာ မင်းသိလား ဒါတောင်မင်းကိုယ်မင်း မိဘလို့ သတ်မှတ်သေးလား မင်းမရှက်တတ်ဘူးလား"
"ချွမ်ရွေ့ကို ကျွန်မက.."
"တော်စမ်း အဲဒီနာမည်ကို ငါ့သားရှေ့လုံးဝမခေါ်မိစေနဲ့ မင်းပေးတဲ့နာမည်ကို ငါ့သားက မင်းစွန့်ပစ်ခဲ့တဲ့အချိန်တည်းက မြောင်းထဲလွှင့်ပြစ်လိုက်ပြီ"
"မဟုတ်ဘူး ကျွန်မသားက အဲလိုလုပ်မှာမဟုတ်ဘူး"
ကျွန်မသားက ချွမ်ရွေ့လေးလို့ ခေါ်ရင် အရမ်းသဘောကျတာ...
ပြီးတော့ သူမကို သိပ်ချစ်တဲ့သားက သူမကိုမုန်းမနေလောက်ဘူးမလား။
မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး!!သွေးရူးသွေးတန်း နဲ့မူယာမာယာများနေသော ရှေ့မှအမျိုးသမီးအားကြည့်ကာ ဥက္ကဌShen စိတ်ကုန်လာသည်။
"ငါ့သား နာမည်က Ricky Shen သူ့မှာ အဖေတစ်ယောက်ဘဲရှိတယ် အမေဆိုတာ သူ၅နှစ်သားတည်းက သေဆုံးသွားခဲ့ပြီ ဒါ ကို
သူရောငါရော လက်ခံထားတယ်""မဟုတ်ဘူး သူ့မှာအမေရှိတယ် သူ့အမေက ကျွန်မလေ ရှင်သားကိုနားချပေးပါ့လား ဟင် ကျွန်မက သူ့ဘဝလေးကောင်းစားဖို့ .."