ဖုန်း ပိုက်ဆံအိတ် ကားသော့အားယူ၍ ချက်ခြင်း Gyuပို့လိုက်တဲ့ဆေးရုံလိပ်စာသို့ လိုက်သွားလိုက်၏။
ညအိပ်ရင်း ဝတ်နေကျ တီရှပ်အပါးကိုအပေါ်လွှာကုတ်လက်ရှည်ထပ်၍ ချည်သားဘောင်းဘီအပွကို တွဲဖက်ဝတ်ဆင်ထားသည့် သူ့ပုံစံမှာ ကြောင်တောင်တောင်နိုင်နေလိမ့်မည်။
ဒါတွေဟာ အခုချိန်တွင်သူ့အတွက်အရေးမကြီးပါ Rickyအနားသို့အမြန်ဆုံးရောက်ချင်နေသည့်စိတ်ကသာ ကြီးစိုးနေသည်မို့။"Gyu ကိုယ်ရောက်ပြီ အခန်းနံပါတ်ဘယ်လောက်လဲ"
သူ့အသံတွေတုန်ယင်နေမှာသိပေမယ့် မတတ်နိုင်။ဆက်ပြီးလဲ မသန်မာနိုင်တော့။
သူ အဲလောက်အသည်းမမာနိုင် ချစ်ရသူတစ်ယောက်လုံး ဆေးရုံတင်ရသည်ဆိုသည့်အသိက သူ့ရင်ကိုအဆမတန်တုန်လှုပ်စေသည်။Gyuပြောတဲ့ အခန်းရှေ့တွင် လူတွေအုံနေသည်။
Daddyလဲရောက်နေတာသိပေမယ့် သူမနှုတ်ဆက်အား။"Ricky သူ ဘယ်မှာလဲ.."
တိမ်ဝင်နေတဲ့အသံကြောင့် ဘယ်သူမှမကြားနိုင်မှန်းသိပေမယ့် သူ့တွင် အားအင်ကုန်ဆုန်းနေပြီဖြစ်သည်ကြောင့် ဒီထက်အသံပိုမကျယ်နိုင်တော့။
ဒီလိုပုံစံနဲ့ ကားကိုဘယ်လိုမောင်းလာခဲ့လဲလို့ မေးလာလျှင် သူ့တွင်အဖြေမရှိပါ။"သား Taerae.."
Daddy ကသူ့ကိုတွေ့တာနဲ့အနား သို့ချက်ခြင်းရောက်လာပြီး ပခုံးကိုဖွဖွပုတ်သည်။
သူ့ကို နှစ်သိမ့်နေရပေမယ့် Daddyကိုယ်တိုင်လဲ စိုးရိမ်နေသည်မှာ အတိုင်းဆမဲ့ နေမှန်း သူနားလည်သည်။"Daddy သူ.."
"နှလုံးထိသွားလို့ ချက်ခြင်းခွဲခန်းဝင်နေရတယ်သား သူအဆင်ပြေမှာပါ သားငယ်ကျော်ဖြတ်နိုင်မှာပါ"
"သူ ဟင့် Taerae..Taeraeက သူ့ကို အမြန်ပြန်လာဖို့ အင့် ပြောမိလို့ အဲလို့ဖြစ်တာ အီးဟီးးသူတစ်ခုခုဖြစ်ရင် Taeraeရူးမှာ Daddy.."
ထိန်းထားသည့်စိတ်တွေ ဖောက်ခွဲပြစ်လိုက်သည်။မဟုတ်ရင် Ricky သူ့ဆီပြန်မလာခင် သူဒီစိတ်နဲ့တင် သေသွားနိုင်၏။
မျက်ရည်တွေလဲကျဆင်းစေသည်။
နာကျင်နေတဲ့စိတ်ကလေးအားလဲ လွှတ်ထားလိုက်သည်။
ဘယ်လိုလုပ်လုပ် လျော့မသွားတာက ဆုံးရှုံးရမှာကြောက်တဲ့စိတ်ဖြစ်သည်။