Taerae's POV~~
မျက်ရည်တွေကြောင့် အမြင်တွေဝေဝါးနေပေမယ့် ပြေးလွှားနေတဲ့ခြေထောက်တွေဟာမရပ်တန့်နိုင်။
အားလုံးကိုလွှတ်ချ၍ အားကိုးလိုက်မိတဲ့အရာတစ်ခုဟာ ကိုယ့်အတွက်မဟုတ်မှန်းသိလိုက်ရတဲ့အခါ အရာရာလဲပြို၏။ပြေးလွှားရင်း တိုက်မိတဲ့ ပတ်ဝန်းကျင်မှလူတွေရဲ့အော်ဟစ် ဆဲဆိုသံလဲ သူဂရုမစိုက်မိ။
ပြေးထွက်လာပြီးနောက် ကားတစ်စီး သူ့ရှေ့ရောက်ရှိလာသည်။
သူအခု တိုက်ခန်းကျဥ်းလေးတစ်ခုထဲတွင်ရောက်နေတာဖြစ်သည်။တစ်စုံတစ်ယောက်ရဲ့အကူညီကြောင့်လို့လဲ ပြောလို့ရသည်။တကယ်ကို သူ့အမြင်အာရုံထဲ မိန်းကလေးတစ်ယောက်ရဲ့လက်ကိုဆုတ်ကိုင်ထားသော Rickyကိုသာတွေ့နေရသည်။
"ရှန်ချွမ့်ရွေ့က အရင်ကတည်း မိန်းကလေးရှုပ်တယ်လို့ နာမည်ရှိတာ မင်းမသိထားဘူးလား"
"ချွမ်ရွေ့က လူချောလေးဆိုတော့ လာကပ်တဲ့မိန်းကလေးတွေများတယ်လေ လာကပ်သမျှမိန်းကလေးတိုင်းကိုလဲ သူကငြင်းလေ့မရှိဘူး"
"အဲလိုလူနဲ့ရှေ့ဆက်သွားရင် မင်း မေ့ပျောက်ထားတဲ့ စိတ်ဒဏ်ရာက ပြန်ပေါ်လာနိုင်တယ် မင်းအတွက် အဆင်ပြေပါ့မလား"
"ကောင်လေး အတွေးမမှားနဲ့ ကြာသွားရင် မင်းဘဲ မျက်ရည်တွေကြား လက်ပစ်ကူးနေရမှာ အခုကသက်သေဘဲမဟုတ်လား"
ထိုမိန်းမပြောသောစကားလုံးများဟာ သူ့စိတ်ကိုအကြိမ်ကြိမ်သတ်နေကြသည်။
ဖောက်ပြန်မှု ဆိုတာ Taerae ဘဝတွင်အကြီးမားဆုံး စိတ်ဒဏ်ရာဖြစ်သည်။
~~~
Taerae အတွေးတွေဟာ Ricky ကားနဲ့တိုက်မိတဲ့နေ့ဆီသို..."ဖေဖေ ဘာလို့ Taeraeနဲ့မတိုင်ပင်ဘဲ အဲလိုလုပ်ရတာလဲ သေသွားတဲ့မေမေ့ကို အားမနာဘူးလား!!!"
"မင်း ဖအေကို မေးခွန်းတွေလာမမေးနဲ့ ငါကျွေးတာစားတဲ့ကောင်က ငါ့ကိုအာခံနေတာလား"
ထိုစကားဟာ Taeraeကိုအထိနာစေခဲ့သည်။
Taeraeမေမေဟာ ချမ်းသာတဲ့မိသားစုမှဖြစ်သည် မိဘ၏ အတင်းအကျပ်ပေးစားမှုကြောင့် ဖေဖေနှင့်လက်ထပ်လိုက်ရသည်။
မေမေဟာ ဖေဖေ့ကိုမချစ်သော်လည်း သစ္စာရှိစွာ ပေါင်းသင်းဆက်ဆံခဲ့ပေမယ့် ဖေဖေကတော့ မဟုတ်ခဲ့ပါ။
ဖေဖေ့ငယ်ချစ်ဦး အမျိုးသမီးနဲ့ဖောက်ပြန်ခဲ့သည်။
ဒါကို မေမေက Taeraeထက်အရင်ပိုသိခဲ့ခြင်းဖြစ်သည်။
သိခဲ့ပြီးနောက် မေမေက ဖေဖေ့အားတိုက်ရိုက်မေးတော့ ဖေဖေကမငြင်း ထို့အပြင်ကွာရှင်းခွင့်ပါတောင်းလာခဲ့၏။
ထိုနေ့တွင် အကြီးအကျယ်စကားများကြပြီး နှလုံးအားနည်းတဲ့ မေမေဟာ Taeraeလက်ပေါ်တွင်သေဆုံးသွားခဲ့ရသည်။