မနက်ခင်း နေရောင်ကြည်ကနွေးနွေးထွေးထွေး~~
နိုးနိုးခြင်းမြင်လိုက်ရတဲ့ ချစ်ရသူမျက်နှာလေးဟာ အမြင်အာရုံအတွင်း နူးညံ့စွာဝင်လာသည်။
ဘယ်သိခဲ့ပါ့မလဲ နှစ်ယောက်လုံး စတွေ့ခဲ့စဥ်က ဒီလောက်ထိ နှလုံးသားချင်းနီးစပ်သွားလိမ့်မယ်လို့။
အချိန်တွေကြာလာလေ ပိုသေချာလာတဲ့အရာဟာ Tae ဟာ သူ့ဘဝတစ်ခုလုံးဖြစ်သည်။လူကြီးလေးလို ပြုမူတတ်သည့် ကောင်လေးမှာအခုတော့ဖြင့် သူ့အပေါ်ကလေးဆန်လာတတ်သည်ကို သိပ်ကိုသဘောကျမိသည်။
သူ့ကိုနားလည်ပေးလို့ မြတ်နိုးရသည် ထပ်ပြီး သူ့အပေါ် ဆိုးလာရင်တောင် သူ့မှာစိတ်မပျက်ရုံတင်မက အဆိုးလေးအားအလိုလိုက်ပေးချင်စိတ်တွေသာဖြစ်တည်လို့လာပါ၏။Ricky ငေးကောင်းတိုင်းငေးနေရင်း ချစ်ရသူမျက်ခွံလေးတွေတလှုပ်လှုပ် ဖြစ်လို့လာသည်။
ခန်းဆီးလိုက်ကာမှတစ်ဆင့် ဝင်ရောက်လာတဲ့နေရောင်ခြည်နွေးနွေးကြောင့် မျက်လုံးစူးနေသည်ထင်ပါ၏။"အချစ် နိုးနေရင်ထတော့လေကွာ"
ချစ်ရသူမှာ စကားနားမထောင်စွာ Ricky ရင်ခွင်ထဲပုန်းချင်နေပြန်တော့ Rickyမှာ ချစ်လွန်းလို့ရယ်မိတော့သည်။
'အချစ်'ထိုနာမ်စားလေးကို သုံးနှုံးတာကြာပြီလို့ပြောလို့ရသည်။
ဒါဟာ Kim Taeraeဟာ Rickyအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချစ် ဖြစ်သည်ဟုအဓိပ္ပာယ်သက်ရောက်သည်။
အရင်က Tae ကသဘောမတူချင်ပေမယ့် Rickyကိုပြောမနိုင်စွာ လွှတ်ထားပေးခြင်းဖြစ်သည်။
လူတွေကြားထဲတွင်တော့ Rickyက လေးစားမှုရိုသေမှုဖြင့် Taeraeအား "ဟျောင်း"လို့သာ သုံးနှုန်းတတ်သည်။
ဒီလောက်ထိ သိတတ်တဲ့ Taerae အမျိုးသားပါလေ။"မောင် နိုးနေတာကြာပြီးလားဟင်"
"မကြာသေးပါဘူးကွာ 15မိနစ်လောက်ပါဘဲ"
"ဟင် 15မိနစ်မှာ မောင် အိပ်ယာမထသေးဘဲဘာလုပ်နေတာလဲ"
မျက်လုံးလေးဝိုင်း၍ သိချင်စိတ်ပြင်းပြနေသော ချစ်ရသူ၏နဖူးကို အနမ်းပေးမိသည်။
"မောင် အချစ်ကို ငေးကြည့်နေမိတာလေ အချိန်ဘယ်လောက်ကြာသွားလဲ မသိလိုက်ဘူးဖြစ်သွားတယ်ကွာ"
YOU ARE READING
My Husband Hurt Me(Complete)
Fiksi Penggemarချစ်မိပြီးသွားရင် ဘာဆက်ဖြစ်မယ်ထင်ပါသလဲ..