ဒုန်း!
Ricky လက်သီးနှင့် နံရံကိုထိုးလိုက်သောအသံဖြစ်သည်။
အိမ်ကြီးထဲတွင်ရှိနေသော တစ်ယောက်တည်းသောသူ Rickyမှာ စိတ်လွတ်နေတဲ့ သူရူးတစ်ယောက်လိုဖြစ်လို့နေသည်။
ဒါဟာ သူ့သူငယ်ချင်းတွေမှလွဲ၍ ဘယ်သူမှမသိနိုင်သော Rickyရဲ့တစ်ဖက်ခြမ်းဖြစ်သည်။ခဏ ကြာရင် အကြောင်းသိသူ Gyuနဲ့Gunwookက သူ့အိမ်သို့ အပြေးရောက်လာကြလိမ့်မည်။
အဟက်..
သူတို့လဲသိပါသည် အခုချိန် သူစိတ်လွတ်လျှင် မည်သူမှထိန်းထားလို့မရမှန်း။ခွမ်း!
ကုတင်၏ဘေးစားပွဲပေါ်မှ ပန်းအိုးကိုရိုက်ခွဲလိုက်ခြင်းဖြစ်သည်။
ဖန်ကွဲစတွေရှိနေသော ကြမ်းပြင်ထက် သွေးတွေဟာတစ်စက်စက်ကျလို့နေသည်။
ခြေထောက်ကလား လက်မှလား Rickyမသေချာ။
သွေးတွေ အဆမတန်ထွက်နေပေမယ့် သူနာကျင်မှုကိုမခံစားရ။လက်ထဲမှ ဖုန်းကိုလဲ နံရံသို့ပစ်ပေါက်လိုက်သေး၏။
ကုတင်စွန်းကိုလဲ ခြေထောက်နဲ့အားကုန်ကန်ထည့်သည်။
Rickyဟာ စိတ်လွတ်ခဲ၏။သူစိတ်လွတ်သည်အထိ ဖြစ်ရသည်မှာ ပုန်းကွယ်နေတဲ့ စိတ်ဒဏ်ရာကို သတိရစေတဲ့အချိန်တွင်ဖြစ်သည်။
ဒါပထမဆုံးသောအကြိမ်တော့မဟုတ်။
သို့ပေမယ့် အရင်ကရော အခုရော ထိုမိန်းမတစ်ယောက်တည်းကြောင့်သာဖြစ်သည်။
ထိုအသိက သူ့ကို ပိုပြီးဒေါသဖြစ်စေခြင်းဖြစ်သည်။ထိုသို့ဖြစ်ရသောအကြောင်းအရင်းမှာ..
လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်ကဖြစ်မည်။
Daddyဆီမှဖုန်းဝင်လာ၍ သူအလောတကြီးကိုင်လိုက်မိ၏။
သူမျှော်လင့်သော သတင်းများလား ဆိုသည့်မျှော်လင့်ချက်ဖြင့်ဖြစ်သည်။"Hello Daddy"
"သား Taeraeကိုအခုထိတော့ရှာမတွေ့သေးဘူး သား ဒါပေမယ့် Daddyစဥ်းစားမိတာတစ်ခုရှိတယ်"
"ဘာလဲDaddy ကျွန်တော့်ကိုပြော!"
"သား မင်းစိတ်ကိုမင်းထိန်းနိုင်ရဲ့လား အဲလိုမှမဟုတ်ရင် Daddyမပြောနိုင်ဘူးသား"
Daddyက ပြောရမှာ တွေဝေနေဟန် Daddyပြောတာကိုနားထောင်ဖို့
သူ့စိတ်ကိုသူ ထိန်းရမည်တဲ့ ဘာတွေလဲ သူအများကြီးမတွေးချင်တော့ အဲဒီအတွေးတွေကြောင့် သူရူးတော့မည်။
YOU ARE READING
My Husband Hurt Me(Complete)
Fiksi Penggemarချစ်မိပြီးသွားရင် ဘာဆက်ဖြစ်မယ်ထင်ပါသလဲ..