"ကျွန်တော် ဒီနေ့အရေးကြီးတဲ့Meetingသာ မရှိရင် ကိုယ်တိုင်လိုက်ပို့ဖြစ်မှာ အခုတော့Gyuနဲ့သူ့ကောင်လေးလို့ပြောလို့ရတဲ့ကလေးတစ်ယောက်ရောက်လာလိုက်မယ် ဟျောင်း
ကောင်းကောင်းပျော်ခဲ့ပါ""အင်းပါ.."
"အများကြီးလဲတွေးမနေနဲ့နော် ဟျောင်း ကျွန်တော်ကဟျောင်းဘေးမှာရှိနေမှာမို့ ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူးဆိုတာ သိတယ်မလား"
"သိပါပြီကွာ Rickyသာအလုပ်ကိုအာရုံစိုက်ထား ကိုယ့်ကိုစိတ်ပူမနေနဲ့"
တစ်ယောက်နဲ့တစ်ယောက် မှာတမ်းခြွေပြီးနောက် Ricky အလုပ်ကိုအရင်ထွက်သွားတော့သည်။
ဒီတိုင်း အပြင်မထွက်ချင်တော့ဘူးလို့Taeraeပြောတော့လဲ Rickyကလက်မခံ။ တစ်ယောက်တည်းလဲ ကိုယ့်ကိုစိတ်မချနိုင်ဖြစ်တော့ Gyuနဲ့အတူကလေးတစ်ယောက် နဲ့သွားခိုင်းသည်။
Taeraeအနေနှင့် စျေးဝယ်မထွက်ရလဲဖြစ်ပေမယ့် အိမ်ကြီးထဲလဲတစ်ယောက်တည်းနေရင် အတွေးများမိမှာကြောင့်လက်ခံလိုက်ရခြင်းဖြစ်သည်။
ခဏကြာတော့ အိမ်ရှေ့မှည ကားအနက်ရောင်လေးတစ်စီးလာရပ်သည်။Gyuတို့နှစ်ဦးဖြစ်လိမ့်မည်။
သူ အပြင်ထွက်ကြည့်ဖို့လုပ်တော့ သူ့ထက်မြန်ဆန်တဲ့Gyuနဲ့ပါလာတဲ့ကလေးက အပြေးလေးသူ့အနားရောက်လာသည်။"Taerae ဟျောင်း ကျွန်တော်က Han Yujinလို့ခေါ်ပါတယ်ဗျ ဟျောင်းကို လက်ထပ်ပွဲနေ့တုန်းက မြင်ပြီးကတည်းက ရင်းနီးချင်နေတာ ဟီး အခုမှအခွင့်အရေးရတော့တယ်"
သူ့ဘေးမှ ချစ်ဖို့ကောင်းတဲ့ကလေးလေးက အတော်လေးသူနှင့်ရင်းနှီးချင်ပုံရတော့ သူ့စိတ်ထဲကျေနပ်မိသလို။
ညီလေးတစ်ယောက် ရလဲနည်းလားဆိုသည့်အတွေးနဲ့ ပါးချိုင့်လေးတွေခွက်ဝင်အောင် ထိုကလေးကိုပြုံးပြမိသည်။"ဟျောင်းမှာ ပါးချိုင့်လှလှလေးတွေရှိတာဘဲ
ကျွန်တော်သဘောကျတယ်"ထိုစကားကို တစ်စုံတစ်ယောက်ကလဲ ပြောခဲ့ဖူးသည်။
အခု ဒီကလေးလေးကလဲသူ့အားပြောနေပြန်တော့ သူမပြုံးဘဲမနေနိုင်တော့။"Yujinnie ကGyuကောင်လေးလား"
ဘယ်ကစကားစပြောရမှန်းမသိ၍ Taerae အမေးစကားသာဆိုလိုက်သည်။
ဒါပေမယ့် နှခမ်းလေး ထော်လာသောဘေးမှ ကလေးအားမြင်လိုက်ရတော့ သူ့စကားမှားသွားမှန်းသိလိုက်ရသည်။