အပိုင်း ၅

817 64 3
                                    


မနက်အစောစျေးဆိုပေမယ့် များပြားတဲ့လူတွေရဲ့လှုပ်ရှားသွားလာမှုတွေကြောင့် ဆူညံနေသည်ကအတော်အများပါ.
ညတည်းက တနုံ့နုံ့စိတ်နဲ့သိပ်အိပ်မပျော်ခဲ့တဲ့ကျွန်တော့်မှာ..
စိတ်ပေါက်ပေါက်နဲ့စျေးထဲကိုရောက်လာမိတာပါ.နောက်ပြီး.

'ဒီတခြင်းဘယ်လောက်လဲ အန်တီ '

ဝါးနဲ့ယက်ထားတဲ့ခြင်းထဲ စတော်ဘယ်ရီသီးတွေကို.စနစ်တကျထည့်ထားတာမို့ မကြိုက်ပါဘူးဆိုတဲ့ကျွန်တော်တောင် စားချင်စိတ်ကဖြစ်လို့..ကြိုက်ပါတယ်ဆိုတဲ့သူ့တွင်တော့.စားလောက်မယ်မလား.

'နှစ်ခြင်းပေးပါ..ကျေးဇူးတင်ပါတယ်ဗျ '

စက်ဘီးခြင်းထဲ စတော်ဘယ်ရီသီးခြင်းနှစ်ခြင်းနဲ့အတူ.ပန်းသီးက၄လုံး..အပျင်းပြေစိတ်ထွက်ပေါက်အနေနဲ့.ပန်းချီဆွဲလေ့ရှိတဲ့ကျွန်တော့်အဖို့.A4စာရွက်တထုပ်နဲ့ခံတံကတဖာ..ပြည့်စုံပြီလို့သတ်မှတ်ပါတယ်.

~~~~

မနက်စာအတွက် ပေါင်မုန့်ကြက်ဥနဲ့နို့တခွက်က geminiရဲ့ပင်တိုင်စံ breakfast .ဒီနေ့အတွက်ထူးခြားစေမှာက.စတော်ဘယ်ရီတစ်ခြင်းကိုပါ အန်တီjar ကိုပို့ခိုင်းလေတဲ့​fourthက မနက်လင်းလင်းချင်းစိတ်ပျော်စေဖို့ရည်ရွယ်ထားသည်မို့.

မနက်စာအခန်းထဲပို့ပေးပြီးမကြာ.ပြတင်းတံခါးကတဆင့်ကျွန်တော့်ဆီလှမ်းကြည့်လာတဲ့ gemini..လက်ထဲအသင့်ကိုင်ထားတဲ့ စတော်ဘယ်ရီတလုံးကိုပါ ပါးစပ်ထဲပစ်ဝါးပြလိုက်တာမို့.ကျွန်တော်ဝယ်ပေးမှန်းသူသိလောက်ပြီမလား.

'ဟူး.....'

ကြည်လင်သွားတဲ့geminiရဲ့မျက်နှာကြောင့် သက်ပြင်းချနိုင်တဲ့ကျွန်တော့်မှာ.ဘာရယ်ကြောင့်မသိ.သူ့အားစိတ်ကျေနပ်စေချင်တာလေ. ဒါကြောင့်ပဲစတော်ဘယ်ရီကြိုက်တတ်တယ်ဆိုတဲ့.စကားတချို့ကိုပြန်စဥ်းစားမိခဲ့ယုံပါ.

'ဒီလောက်ဆိုအလုပ်စလို့ရပြီ.'

တကိုယ်တည်းတိုးတိုးရေရွတ်အပြီး.ရေမြုပ်မော်တာကိစ္စအတွက်အန်တီmohကိုသွားတွေ့ဖို့ရန်ပါ..

~~~~

'ဒါဆို.မနေ့က.ရေတွေကိုယ်တိုင်ဆွဲခဲ့တာလား..'

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now