အပိုင်း ၂၄

462 54 4
                                    

မနက်၁၀နါရီဝန်းကျင်တွင်ဖြစ်သည် ။

သိသိသာသာကိုခပ်တန်းတန်းဖြစ်သွားတဲ့အန်တီmohနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးက ကျွန်တော့်အမှားမကင်းဘူးလို့သာတထစ်ချလက်ခံထားပါတယ်.အများနည်းတူကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုလက်သင့်မခံနိုင်တာကအန်တီmohရဲ့အမှားမဟုတ်သလို.ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းအမှားမဟုတ်ပြန်ပါ.ကျွန်တော်ကသာ သီးသန့်အမှားမျိုးကိုကျူးလွန်မိသူပါ.

' ငါစိတ်ထဲမထည့်တာမို့ မင်းဘာကိုမှမတွေးနဲ့fot
အဓိက ကမင်းရဲ့လက်ရှိကျန်းမာရေးပဲ'

ရက်ရှည်ဖျားသွားတဲ့ကျွန်တော့်မှာ.ဘာရယ်ကြောင့်မသိထူထူထောင်ထောင်လုပ်ဖို့ရန်တောင်အားကရှာမရသလိုပါ.ဒါပေမယ့်အဝတ်အစားတချို့ကိုသိမ်းဖို့ရန်အတွက်တော့ကျွန်တော်အားစိုက်ချင်ပါပြီ.

'ကျွန်တော်အဆင်ပြေတယ် gemini'

'gem!...ငါနှစ်ခါထပ်မပြင်ချင်ဘူး...'

ဒေါသသံအနည်းငယ်စွက်ရတာက..နာမ်စားတစ်ခုကအစကျွန်တော့်အပေါ်မပြောင်းလဲစေလိုပါ.နောက်ပြီး.fotရဲ့စိုးရိမ်လွန်စိတ်အပေါ်ကျွန်တော်အားမရသည်ကြောင့်လည်း .ပါပါတယ်

'အန်တီလက်မခံလောက်ဘူးမလား...ကျွန်တော်တို့ပိုပြီးဆင်ခြင်ဖို့လို '

'ငါ့ကိုယုံ..ဒါကကိစ္စကြီးမဟုတ်ဘူး.fot'

ကျွန်တော်သောက်ဖို့ဆိုပြီးပြင်ဆင်လာပေးတဲ့ ဆန်ပြုတ်ကိုအအေးခံရင်း.ကျွန်တော့်အနားရောက်နေသည်က.မနက်လင်းကတည်းက.ဒါကဘလိုတောင်အန်တီ့ကိုမျက်နှာပြောင်တိုက်နေမိတဲ့ကျွန်တော့်အပြုအမူလဲ ကျွန်တော်တကယ်ကိုဒီလိုနေဖို့လက်မလွန်တာအမှန်ပါ.

'ပြန်ပါ...ကျွန်တော်ဒီလိုမနေချင်ဘူး'

ကျွန်တော့်ရဲ့လက်ကိုကိုင်လာတဲ့fourthရဲ့လက်မှာ ပူနွေးနွေးအတွေ့က ခုထိကိုရှင်းရှင်းမပျောက်..ကျွန်တော်fourthရဲ့စိတ်ထဲအားနာစိတ်တွေဝင်နေတာ.မျက်နှာမဆိုင်ရဲတာတွေအတွက်အပြည့်အဝနားလည်ပေမယ့်.ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကကျွန်တော်တို့အတွက်မွန်းကြပ်စရာတခုမဖြစ်သင့်ပါ.ပိုဆိုးတာက.အပြင်လူတွေရဲ့သက်ရောက်မှုတွေကြောင့်ဆို ပိုလို့ပင်မဖြစ်သင့်တာမျိုးပါ.

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now