အပိုင်း ၆

759 64 10
                                    

အလုပ်နဲ့ နယ်ဘက်ဆင်းရတာကြောင့်.ဒီအိမ်မှာ.အန်တီmohမရှိတာ.၄ရက်ရှိပါပြီ..အန်တီjarမှာလည်းလူကြီးရောဂါဖြစ်သည်မို့အလုပ်မဆင်းတော့တာကအတော်ကြာပါ.အရှင်းဆိုရရင်.ဒီအိမ်မှာလက်ရှိဆိုလို့ကျွန်တော်တယောက်သာရှိပါတယ်.

အစားအသောက်အတွက်ကအန်တီmohရှိတုန်းကလည်း.အဆင်ပြေသလိုဖြေရှင်းနေကြတာမို့.အန်တီmohချက်ရင်ချက်.မချက်ရင်လည်းကျွန်တော်ချက်ပေါ့.အခု​တော့ကျွန်တော်ချက် ကျွန်တော်သာစားနဲ့ပါပဲ

ကျောင်းပြန်တက်ဖို့သေချာသလောက်ရှိပြီမို့.တီချယ်yaiရဲ့အကူညီနဲ့ စာအုပ်ဟောင်းတချို့နဲ့ မေးခွန်းဟောင်း.မှတ်စုဟောင်းတို့ကိုထိုက်သလောက်စုပြီးပါပြီ..နေ့ခင်းပိုင်းအိမ်အလုပ်ခြံအလုပ်လုပ်.ညပိုင်းကိုယ့်ရည်ရွယ်ရာပညာရေးလမ်းဆုံးကိုရောက်အောင်လျောက်ဖို့စာလုပ်နဲ့.ဒီအတောတွင်းမအားလပ်ပါ.

ဒီနေ့က ကျောင်းလည်းပိတ်ရက်မို့.ညီမprimတယောက်လာလည်မယ်ဆိုတဲ့စကားအရ ကျွန်တော်စောင့်နေတာပါ.
ပုံမှန်မတွေ့ဖြစ်ကြပေမယ့် စာလေ့လာမှုအပိုင်းမှာတော့.
ကျွန်တော် ညီမprimတို့အိမ်ကိုရောက်ဖြစ်ပါတယ်.

winnyနဲ့တွေ့ဆုံမှုက.ထင်သလောက်မပြေပျစ်ပေမယ့်တီချယ်yaiနဲ့ ညီမprimကြောင့်ကျွန်တော်သွားလည်ဖြစ်သည်များသာ...တီချယ်yaiရဲ့အမျိုးသားကလည်းပညာရေးဝန်ထမ်းဆိုသူမို့.အပြောင်းအရွှေ့တွေနဲ့အခုဆို.တခြားမြို့မှာတာဝန်ကျနေတာပါ.

.ဒါ့ကြောင့်.winnyရဲ့လစ်လပ်တဲ့သားတယောက်တာဝန်ကို.
ကျွန်တော်ကသာ.အကူညီပေးနေမိတယ်ဆိုရစေဗျာ..
ကျွန်တော်လည်းကိုယ့်အပူနဲ့ကိုယ်လည်းမအေးရသူပဲဆိုပေမယ့်.အပြန်အလှန်ကူညီထောက်ပံ့ဖော်ရနေတာကိုပဲကျေနပ်နေသူပါ..

' ရောက်ပါပြီရှင့်.'

သာမန်နဲ့မတူ.ကွဲပြားနေတဲ့ပြင်ဆင်ပုံနဲ့ primက ဒီနေ့အတွက်​တော့ချစ်စရာကောင်းသူအနေနဲ့ပါ..

'အလှတွေပြင်ထားတာပဲ.'

'ပြင်ဆို..ဒီနေ့ကprimရဲ့မွေးနေ့လေ.'

'မွေးနေ့? ..အိုး..အကိုမသိပါလား.'

'ဘယ်သိမလဲ.အကိုကညီမအ​ကြောင်းမှမသိချင်တာ.'

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now