တစ်ယောက်ကိုတစ်ယောက်အထူးတလည်စိတ်ဝင်စားမှုမရှိအောင်ကိုယ်ပိုင်အသိတွေနဲ့ လမ်းလွှဲကနေလျောက်နေကြတဲ့ငါတို့နှစ်ဦးကို.ထိပ်တိုက်တွေ့ဆုံစေတဲ့ဒီကံကြမ္မာက.ဘာအတွက်ကြောင့်ရယ်လဲ.ချိုတဲ့အရသာကိုလည်းမင်းကပေးတဲ့လက်ဆောင်အဖြစ်ငါတို့နှစ်ဦးခံယူခဲ့သလို.ခါးတဲ့အရသာကိုလည်းထိုက်သင့်ရာအဖြစ်ငါတို့နှစ်ဦးကလက်သင့်ခံပေးခဲ့တယ်.
ဒီတကြိမ်ကရော..ဘာအတွက်ကြောင့်ရယ်လဲလို့.ငါတို့မေးခွင့်ရှိနိုင်မှာလားကားမီးအစုံရဲ့အလင်းက.ခြံတံခါးမကြီးဆီကိုဦးတည်နေတာဖြစ်ပြီး.စက်နှိုးထားပေမယ့်ရွေ့လျားမှုမရှိနေတဲ့ဒီကားက.
'ငါဖွင့်လိုက်မယ်.ခန'
ကားပေါ်ကနေခပ်မြန်မြန်ဆင်းသွားတဲ့geminiက ပိုက်ဆံအိတ်ထဲအမြဲတစေဆောင်ထားဟန်ရှိတဲ့ခြံသော့ကို.ယူထုတ်လိုက်ရင်းပါပဲ.ပြီးနောက်ခြံတံခါးကိုအမြန်ဖွင့်လေတဲ့geminiမှာ.ကားဝင်ရအဆင်ပြေစေဖို့ရည်ရွယ်ရင်းပါ.
'အာ....'
တံခါးဖွင့်ပေးပြီးပေမယ့်ဝင်မလာတဲ့ကားကြောင့်လှည့်ကြည့်လေတဲ့geminiကကားပေါ်ကfourthကိုပါ.
'ကျွန်တော်မဝင်တော့ဘူး..'
တနေရာရာမှာတည်းဖို့အစီအစဥ်ရှိထားပြီးသားလူတယောက်လို.ဒီနေရာမှာတည်းဖို့အဆင်မပြေတဲ့ဟန်နဲ့fourthပါ
'အော..ရ..ရတာပဲ ..ဒါဆို..မင်း. ..ကောင်းကောင်းမောင်းပေါ့...'
တကယ်ကကျွန်တော်ဒီမှာနေသည်မဟုတ်.နောက်ပြီး.အတူနေဖို့ခေါ်လာခဲ့သည်လည်းမဟုတ်ပါ..ကျွန်တော်က.သူများနေချင်လောက်မလားဆိုတဲ့စိတ်နဲ့ခေါ်ခဲ့ရုံတင်ပါ.နီးကပ်ဖို့နီးစပ်ဖို့ဆိုပြီးလည်းကျွန်တော်မလုပ်ဝံ့ပါဘူး.အခုနေမှသာနှစ်ဦးလုံးစိတ်သက်သာရာရခဲ့သည်ကဘယ်လောက်ကြာခဲ့တာမို့လို့လဲလေ.
~~~~
ရှပ်အဖြူသန့်သန့်နဲ့အသားရည်ကြည်တောက်တဲ့geminiကိုမတွေ့ရတာကြာခဲ့မိလို့လားရယ်မသိကျွန်တော့်မျက်လုံးထဲ.ကြည့်မဝဆိုမမှားပါ.အလုပ်ဂျူတီနဲ့geminiကကျွန်တော်အမြင်ချင်ဆုံးသူ့အတွက်ပုံရိပ်ဆိုလည်းမမှားတာမို့.ဒီနေ့အဖို့တော့ကျွန်တော့်မှာ.ပြည့်စုံခဲ့သည်ချည်းသာ.
YOU ARE READING
နှုတ်သော်လည်းနစ်၏ ။ (Completed)
General Fictionဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသ...