အပိုင်း ၃၂

483 50 10
                                    

၂ပတ်နီးပါးအချိန်ပေးစစ်ဆေးမှုတွေလုပ်အပြီးမှာတော့နောက်ဆုံးရလဒ်အနေနဲ့.နှလုံးအစားထိုးကုသဖို့ကိုသာရွေးချယ်စရာကျန်တော့မှာကို​သိကြရတဲ့အဖြစ်...ဒီရလဒ်မျိုးကိုလက်မခံနိုင်တာတော့မဟုတ်..ကံကောင်းထောက်မစွာနဲ့ပဲ.သာမန်ကုသနည်းမျိုးနဲ့များ..သက်သာရာရကြမလားလို့တော့တွေးထားကြသည်ကအမှန်ပါ

'ဒါကျွန်တော်သိပြီးသားအနေအထားပဲ..ဒါ့ကြောင့်
ဘာမှမပူပန်နဲ့.'

မျက်လုံးချင်းတော့မဆုံ..ဒီစကားကိုသာပြောလေတဲ့geminiမှာ.မိဘနှစ်ပါးကအနားနားရပ်နေကြသည်ဆိုပေမယ့်ပေါ့..

'momy..တို့အတွက်နည်းလမ်းမရှိတာမှမဟုတ်ပဲ...အရာအားလုံးအဆင်သင့်ဖြစ်အောင်အချိန်ပေးတယ်လို့ပဲသတ်မှတ်ကြရင်မကောင်းဘူးလား.'

အန်တီmohရဲ့ဒီစကားကြောင့်.gemနဲ့အတူအန်ကယ်sawonကပါတပြိုင်တည်းလှမ်းကြည့်တာကိုခံလိုက်ရတဲ့အခါ.

'ကျွန်မပြောတာအဲ့သဘောမဟုတ်ဘူး..အလှူရှင်စာရင်းတွေကိုနည်းနည်းလေ့လာလိုက်ရင်ရပြီလို့ပြောတာ.'

momyရဲ့စကားက အခန်းပြင်မှာရပ်နေတဲ့fotကိုသာ.ကျွန်တော့်အားပြေးမြင်မိစေသည်အထိ.ပြင်းထန်စေပါတယ်.

'dadyမှာလည်းအသိမိတ်ဆွေတွေရှိတယ်..ဘာကိုမှအခက်အခဲတခုလို့သားကိုမမြင်စေချင်ဘူး.'

'ကျွန်တော်နားလည်ပြီမို့..ပြန်ကြတော့မလား.'

'အင်း...နား..ဒီအချိန်တွေကအနားယူဖို့အကောင်းဆုံးပဲ'

'ok..ဒါဆိုdadyလည်းပြန်မယ်...'

'အင်း'

ကျောပေးကာခေါင်းချလိုက်တဲ့gemမှာ.ဒီအတောအတွင်းဆိုးဆိုးရွားရွားမဖြစ်ဖို့ကိုသာအာရုံစိုက်မိလိမ့်မှာမလွဲ..လူတိုင်းကအသက်ထပ်ဆက်ဖို့ကိုနံပါတ်တွေချိတ်ပြီးစောင့်စားနေကြရတာမျိုးဖြစ်ပြီး.ကျွန်တော်ကလည်းကိုယ့်အလှည့်ရောက်လာမယ့်အချိန်ကိုသာအားတင်းထားရင်းပေါ့.

ခက်ရဲ့ဗျာ.သားသတ်ရုံကတိရစ္ဆာန်လေးတွေကသာ.ဒီအဖြစ်ကိုမြင်ရသိရကြရင်.တရားကျဖို့ကောင်းတဲ့လောကကြီးလို့သာကျိန်ဆဲကြလိမ့်မှာအမှန်ပဲ..သူတို့တွေအတွက်ကနံပါတ်စဥ်ငယ်လေလေ.ဘဝကူးဖို့အချိန်နီးလေလေဆိုသည်က.တကယ်တမ်းဒီအဖြစ်နဲ့ယှဥ်ကြည့်ပါက.ရင်နာစရာအတိလေ.လူတွေကသာအသက်ထပ်ဆက်ဖို့အရှေ့ရောက်အောင်လို့တောင်တိုးဝှေ့ချင်နေကြတာမျိုးမလား..

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now