အခန်းတံခါးကိုခေါက်တယ်..ပြီးတော့ကျွန်တော်ဝင်သွားတယ်.ထုံးစံအတိုင်းအလုပ်ရှုပ်နေတဲ့သူနဲ့..ပန်းစည်းကိုစားပွဲပေါ်တင်သွားတဲ့ကျွန်တော်နဲ့ ဒီပုံစံက.ပုံမှန်လုပ်နေကျပုံစံလို့ဆိုရလောက်မယ့်အထိ.တပတ်နီးပါးကြာလာခဲ့ပြီမို့.နည်းနည်းတော့ကြောင်တောင်တောင်နိုင်နေမှန်းကျွန်တော်ခံစားရပါပြီ ဒါ့ကြောင့်
'ဖြစ်နိုင်ရင်..ပန်းကိုကျွန်တော်အောက်မှာပဲထားခဲ့လို့ရမလား..'
'ဟင်?.'
မော်မကြည့်..မဟုတ်.တချက်သာမော်ကြည့်ရင်းမေးလာတဲ့ဒီအမေး..
'ဒီကိုတက်လာလည်းလုပ်စရာမှမရှိတာ.အဲ့တာကောင်တာမှာပဲထားလို့ရရင်ထားမလို့'
'အော.ဒါဆို လဲသွားပေးမလား.'
'ဟင်?.'
'ရေနဲ့.သန့်ရှင်းရေးပစ္စည်းတွေကဒီတံခါးအကျော်ကအခန်းထဲဝင်သွားရင်တွေ့လိမ့်မယ်..ဒါလေးတော့လုပ်ပေးသွား'
'ကျွန်တော့်ကိုအလှပန်း လဲခိုင်းနေတာလား..'
'အင်းလေ..အပေါ်ထိတက်လာရပြီးအလုပ်မရှိပဲဆင်းသွားရတာဆိုတော့..ဒါလေးလုပ်ကြည့်..တကယ်ဆိုမင်းကငါ့ထပ်အမြင်ပိုရှိပါတယ်'
'အာ..'
'ငါတကယ်လက်မအားတာကြောင့်လည်းပါတယ်'
စာရင်းဇယားစာရွက်တွေက စားပွဲပေါ်အပြည့်နဲ့အတူ.စားလက်စကြက်ဆီထမင်းဘူးကပါ အဆစ်ပါပါသေးတယ်.ပြီးတော့.မနက်စာဆိုပြီးကျွန်တော့်မှာမမှာတော့သည်များက.လမ်းကြုံဆိုပြီးယူလာပေးတဲ့လူများရှိသေးလို့လား..နေပါ..ဒါတွေအထိကျွန်တော်မတွေးသင့်.
'ရတာပဲ. '
ပန်းအိုးကိုတဖက်ကကိုင် ကျန်တဖက်ကပန်းစည်းကိုသယ်ရင်းgeminiပြောတဲ့တံခါးရဲ့နောက်ဘက်ကအခန်းဆီကိုကျွန်တော်ဝင်သွားခဲ့ပါပြီ.
အခန်းထဲဝင်လျင်ဝင်ချင်း.ပြင်းရှတဲ့အနံ့တစ်ခုကိုဦးဆုံးရလိုက်တာဖြစ်ပြီး.တကယ်တမ်းgeminiဆိုသူကဒီလိုအနံ့အသက်နဲ့နေထိုင်နိုင်မည့်သူမဟုတ်..နောက်ပြီးဒီလိုရှုပ်ပွနေမှာမျိုးလည်းမဟုတ်..
YOU ARE READING
နှုတ်သော်လည်းနစ်၏ ။ (Completed)
General Fictionဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသ...