အပိုင်း ၄၃

285 30 2
                                    

ပိုင်ရှင်ရှိသည်။မကျူးကျော်ရ။

မနက်စောစောမှာတင် ကျွန်တော့်ခြံဘေးကမြေနေရာလွတ်မှာလာထောင်သွားတဲ့ဆိုင်းဘုတ်အနီရောင်ကို.ရပ်ကြည့်နေတာကကျွန်တော်နဲ့အစ်မjomပါ.

'ဒါဘယ်တုန်းကလာထောင်သွားတာလဲ.'

'အစ်မလည်းအဲ့ဒါမေးမလို့...မင်းခြံနဲ့ကပ်လျက်ကိုမသိလိုက်ဘူးလား..'

'ခြံရှင်အန်တီကိုတော့ဖုန်းခေါ်သေးတယ်မကိုင်လို့..အဲ့ဒါကျွန်တော်ဝယ်ဖို့စျေးဆိုင်ထားတာချည်းဗျာ.'

'စောင့်ကြည့်ရမှာပဲ.'

တကယ်ကိုရုတ်ချည်းဝယ်လက်ရသွားတဲ့ကျွန်တော့်ဘေးခြံကြောင့်.အနည်းငယ်စိတ်ရှုပ်သွားရတဲ့ကျွန်တော့်မှာထောင့််စွန်အကွက်လည်းဖြစ်အိမ်နီးချင်းအသစ်ထပ်ရရန်မလိုတော့တဲ့အကွက်မို့လက်ဦးမှုယူလိုပေမယ့်လွဲသွားရတဲ့ဒီအဖြစ်.နှမြောလို့သာမတတ်နိုင်ပါဘူး..

~~~~

အလုပ်သာလုပ်နေရတာစိတ်ကဖြင့်သိပ်မပါ..သတိထားမိတိုင်းဘေးခြံကနေရာလွတ်ကိုသာအကြည့်ပို့မိနေတဲ့ကျွန်တော်က.ကျွန်တော့်မြေကြီးစာင့်နတ်ကတောင်စိတ်ဆိုးနေလောက်မယ့်အဖြစ်...

နေ့ခင်းထမင်းစားချိန်အလွန်မှာရောက်လာကြတဲ့.ဆောက်လုပ်ရေးလုပ်သားတဖွဲ့နဲ့.ပစ္စည်းကရိယာအစုံပါတဲ့ကားတစီး..ကျွန်တော့်မှာထိုင်ရာကနေထရပ်မိတာကတခြားမဟုတ်..တကယ်ချည်းတဆင့်ခံပြန်ဝယ်ဖို့အထိအခွင့်အရေးမကျန်တော့ဘူးလားဆိုပြီးအတည်ပြုရန်ပါ.

'ဆဝါဒီ....ဒီရက်ပိုင်းတော့အသွားအလာများလိမ့်မယ်.P'..ဆောက်လုပ်ရေးစတော့မှာမို့'

'သဘောလေ...မင်းတို့ဝယ်လိုက်ပြီပဲ.'

တကူးတကလှမ်းနှုတ်ဆက်တဲ့တဖက်ကလူအားအမြင်မကြည်လို့မဟုတ်..ကောင်းကောင်းပြန်နှုတ်ဆက်ဖို့လိုမှန်းတော့ကျွန်တော်မေ့သွားရုံပါ..

~~~~

'(အခမဲ့) 'အထွေထွေရောဂါကုတိုက်နယ်​ဆေးရုံ

ဂျူတီကုပ်အပြည့်အစုံနဲ့လူတွေကြားထဲတစ်စုံတစ်ယောက်ကတော့ကျွန်တော့်မျက်စိမှာထင်းလို့..

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now