အပိုင်း ၃၈

369 41 3
                                    

တပတ်လောက်ကြာသည်အထိအကြောင်းရင်းမရှိစွာဒီနေရာမှာရှိနေရတဲ့ကျွန်တော်ကဘယ်သူ့အလိုကျရယ်လဲ..အိမ်မကြီးနဲ့ဝေးတဲ့ခြံတံခါးဘက်ကိုရပ်ကြည့်ရင်းမနက်ခင်းတိုင်းကိုဖြတ်သန်းနေရတဲ့ကျွန်တော်ကအနည်းငယ်တော့ခံပြင်းမိပါတယ် ဒါပေမယ့်ဒီနေ့တော့P'markလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်.

မနက်၁၀နါရီလောက်မှာ ခြံထဲကိုဝင်လာတဲ့ကားတစီးကြောင့်.မရည်ရွယ်ပါပဲ အိပ်ပျော်နေမိတဲ့ ကျွန်တော့်ကိုကျွန်တော်တောင်အံသြသွားရင်းပါပဲ.ပုံမှန်ဆိုကျွန်တော်က ဒီလိုအမှုမဲ့အမှတ်မဲ့ရှိသူတယောက်မဟုတ်လေ

'ငါလာတယ်'

လက်နှစ်ဖက်မှာများပြားတဲ့အိတ်တွေကိုဆွဲထုတ်လာရင်းကျွန်တော့်ကိုစကားဆိုလေတာကP'markမဟုတ်တဲ့Winnyမှပါ.ကျွန်တော်p'markကိုအကြောင်းမဲ့မျှော်နေခဲ့သည်မှမဟုတ်တာ.ဒါ့ကြောင့်အနည်းငယ်တော့စိတ်နောက်သွားရပါပြီ.

'သူမအားလို့'

တဆက်တည်းဒီစကားကိုပြောရင်းအိမ်ထဲကိုလျောက်ဝင်လာတဲ့winnyက ကျွန်တော်နဲ့ရင်းနှီးမှု အားမကောင်းခဲ့ဖူးသူတွေလိုပါ.

'မင်းမှာစရာတစ်ခုခုရှိသေးလား.'

သယ်လာခဲ့တဲ့အထုပ်တွေကိုနေရာချပြီးနောက်ဒီအမေးကိုမေးလာတဲ့winnyမှာကျွန်တော်မှန်းရသလောက်ပြန်တော့မယ့်အနေပါ.

'မင်းပြန်တော့မှာလား..'

ပုခုံးတွန့်ပြလေတဲ့winnyကပြန်တော့မယ်ဆိုတဲ့သဘောကိုဆိုလိုချင်ပုံပါ.

'ဟင့်အင်း...'

အရင်ကလိုလတ်ဆတ်မှုကင်းနေတဲ့fourthရဲ့မျက်ဝန်းတွေအားကျွန်တော်ကြာကြာမကြည့်နိုင်ပါ..ခံစားချက်တွေကိုမေ့ထားမိတဲ့လူတယောက်ကအသက်ရှူနေရုံကလွဲဖြစ်တည်မှုတို့ကအသက်မဝင်နိုင်ဘူးမလား.

ကျွန်တော်fourthအားခံစားချက်တချို့ကိုပြန်မှတ်မိစေဖို့ကြိုးစားစေချင်ပေမယ့် p'markသဘောအတိုင်းNorawitမိသားစုနဲ့ဝေးရာမှာလည်းစိတ်ရောလူကိုပါထားချင်မိပြန်တယ်လေ..ဒါကမှန်ကန်တဲ့ရွေးချယ်မှုတခုဖြစ်ပါ့မလားမသိပေမယ့်ကျွန်တော်ရွေးချယ်ဖို့ခက်နေသည်ကအမှန်ပါ

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now