ဒီတပိုင်းလုံးကလက်ရှိအချိန်ကိုမဟုတ်ပဲ..gemfotနေကောင်းကာစအချိန်ကိုဖော်ပြသွားမှာမျိုးပါ..အရှေ့နောက်ချိတ်ဆက်ဖို့နည်းနည်းတော့ပြန်နွှေးပေးကြနော်.
~~~~
ကျဥ်းမြောင်းတဲ့လမ်းငယ်လေးမှာ.တကိုယ်တည်းလျောက်နေမိတဲ့ကျွန်တော်က ဘယ်သို့သောရည်ရွယ်ချက်နဲ့ဒီလမ်းပေါ်ခြေတင်နေမိသည်ကိုမသိပေမယ့်.တဖြေးဖြေးတိုက်ခတ်လာတဲ့လေအေးတွေကြောင့် အမြင့်တနေရာမှာကျွန်တော်ရောက်နေပြီမှန်းသိလိုက်ရပါပြီ..
တောင်အစွန်းတနေရာမှာရပ်နေမိတာဖြစ်ပြီးချိုင့်ဝှမ်းတနေရာကိုငုံ့ကြည့်နေမိတဲ့ကျွန်တော်ကခြေတလှမ်းသာမှားမိခဲ့ရင်အဆုံးစွန်ဘဝပျက်သွားနိုင်မယ့်အနေမှာပါ.
မြက်ခင်းစိမ်းတွေနဲ့သာယာနေတဲ့ဒီချိုင့်ဝှမ်းတနေရာက.ကျွန်တော့်အဖို့ခုန်ဆင်းသွားဖို့ရန်သာရွေးချယ်ရာရှိပြီး.အဲ့ဒီလောက်သတ္တိကိုမွေးဖို့ရန်ကလည်း.ကျွန်တော်မစွမ်းသာပါ.ဒါပေမယ့် ကျွန်တော်နည်းလမ်းတော့ရှာနေရင်းပါ.
'fourth...အန်တီဒီမှာ.'
ချိုင့်ဝှမ်းတနေရာကနေထွက်လာတဲ့အသံတစ်ခုဖြစ်ပြီး မျက်မြင်အားဖြင့်တော့ကျွန်တော်ရှာမတွေ့. တကယ်ကိုအကွာအဝေးကဝေးလွန်းနေတာပဲမလား..
'fourth..အန်တီဒီမှာလေ '
အမြင်အာရုံကိုအတတ်နိုင်ဆုံးအစွမ်းကုန်ကျွန်တော်သုံးမိပြီ.ဒီအသံကတစ်ခါမကလို့နှစ်ခါပင်ဆင့်၍ခေါ်လာနေပြီမလား.
'ကျွန်တော်မတွေ့ဘူး.အန်တီ..ကျွန်တော်တကယ်မတွေ့ဘူး'
ပဲ့တင်ထပ်နေတဲ့ကျွန်တော့်ရဲ့အသံကြောင့်တချက်သာသာကျွန်ကြောင်မိသွားပေမယ့်..ဒီလိုအတွေးပွားနေသင့်တဲ့အနေမှာလည်းမဟုတ်နေကာ.
'တွေ့ရပြီလား fourth...'
ပုဝါငယ်တခုကိုဝေ့ယမ်းပြလာတာမျိုးဖြစ်ပြီး.သေချာအာရုံစိုက်လိုက်ကာမှ အန်တီမှန်း.မျက်မှန်းတန်းမိသွားပြီဖြစ်တဲ့ကျွန်တော်..တော်သေးရဲ့လို့သာညီးတွားရင်းကျွန်တော်ပြုံးမိပါတယ်.
'ဟုတ်ကဲ့အန်တီ..ကျွန်တော်တွေ့ပြီ..ကျွန်တော်ဘယ်လိုလာလို့ရမလဲ..'
YOU ARE READING
နှုတ်သော်လည်းနစ်၏ ။ (Completed)
General Fictionဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသ...