အပိုင်း ၁၀

677 66 4
                                    

လေး​နှစ်ခန့်ကြာသော် ။

'congratulations prim.အကိုအတိုင်းမသိဝမ်းသာမိတယ်.'

' ကျေးဇူးတင်ပါတယ် အကိုfourth '

တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကိုပြုလုပ်နေတဲ့ primမှာနာမည်ရပန်းချီဆရာမတစ်ဦးအဖြစ်ကျော်ကြားစပြုလာသူအဖြစ်နဲ့ပါပဲ..အခုတွင်fourthက..အဖြူရောင်နှင်းဆီပန်းစည်းကြီးနဲ့လာရောက်ဂုဏ်ပြုနေတာပါ.

' အကို.မင်းရဲ့အရည်အချင်းကိုမြင်တယ်.နောက်ပြီး..'

' ဒါတွေအားလုံးက အကိုfourthရဲ့အားပေးထောက်ခံပေးတာတွေကြောင့်ပါ..primတို့အတိုင်းသာဆိုရှေ့မရောက်လောက်ဘူး '

' အကိုကကူညီပေးနိုင်ခဲ့လိုတောင်.ကိုယ့်ကိုယ်ကိုကျေနပ်မိတယ်.'

'အင်းပါ..'

ခရမ်းနုရောင်ဂါဝန်ရှည်နဲ့primက ဝှီးချဲကိုအသုံးပြုနေရဆဲဆိုပေမယ့်အရင်လို.အားငယ်နေတတ်တဲ့မျက်ဝန်းတွေနဲ့တော့မဟုတ်တော့..တည်ငြိမ်မှုအတိုင်းသားပေါ်လွင်နေတဲ့primရဲ့မျက်ဝန်းတစုံက.အနာဂတ်အတွက်ကျွန်တော်စိတ်အေးနိုင်သည်အထိပါပဲ.

' Mr.john က တွေ့ချင်ပါတယ်တဲ့ N'prim '

'ရှင်?..အာ.အကိုfourth primခနသွားရအုံးမယ်.'

'ရတယ်လေ.အကိုကူပေးမယ်.'

'မဟုတ်တာ..primကိုယ့်ဘာသာအဆင်ပြေနေပါပြီ..'

တကယ်လဲကျွမ်းကျွမ်းကျင်ကျင်သွားတတ်နေပြီမှန်းသိပေမယ့် အခံစိတ်ကိုက.ကူညီလိုက်ရမှဆိုတဲ့ကျွန်တော်ကဒီတွင်လည်းထိုနည်းလည်းကောင်းပါပဲ

'အင်းပါ..အကိုမပြန်သေးဘူး.ဒီမှာပဲရှိနေမယ်.'

'ဟုတ်..'

များပြားတဲ့ပန်းချီခြပ်တွေကြား..ပီတိဖြာနေသည်ကကျွန်တော့်မှာ..primကငယ်ရွယ်သေးပေမယ့် ရင့်သန်တဲ့စိတ်ရှိသူမို့.လက်ရာမြောက်တဲ့ပန်းချီခြပ်တွေတိုင်းက.ခံစားမှုပြည့်ဝနေတာမျိုးပါ..

~~~~

အရေးပေါ်ကားသံက.လမ်းမပြင်ထက်ကနေ ဆေးရုံဝင်းထဲထိကျယ်လောင်လို့.Emergency roomအတွင်းတွင်တော့..ဆရာဝန် ဆရာမတချို့ရဲ့အဆင်သင့်စောင့်ကြိုနေသည်ကတော့အားရစရာပါ.ထိုသူတွေထဲ geminiလည်းအပါဝင်ပါ.

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now