အပိုင်း ၃၃

437 50 16
                                    

'မင်းတကယ်ချည်းပြန်မှဖြစ်မှာလား.'

ကုတင်ဘေးမတ်တပ်ရပ်လျက်သားရှိနေတဲ့fourthရဲ့လက်ကိုလှမ်းဆွဲပြီးအမေးပြုလေတဲ့geminiမှာ.မနက်အစောပိုင်းအချိန်တခုမှာပါ.

'မနက်ဆိုအန်တီလာလိမ့်မှာ..ကျွန်တော့်ကိုဒီမှာရှိနေဖို့လိုလားမှာမဟုတ်ဘူး'

'အဲ့ဒါငါ့အပိုင်း..ငါပြောလိုက်လို့ရတယ်..နောက်ပြီး.
ငါတခြားသူတွေနဲ့နေရတာမကြိုက်ဘူး..'

'ကျွန်တော်အခန်းပြင်မှာတင်ရှိပါတယ်...နံရံပဲခြားတာမလား'

'မင်းတကယ်ပဲပြောလို့မရဘူးလား.'

'ကျွန်တော်ဘယ်သူ့ကိုမှအခက်မတွေ့စေချင်ယုံပါ...ညနေဘက်လောက်ထပ်လာမယ်လေ..မရဘူးလား.'

ကျွန်တော့်ပြောစကားလည်းအပြီးကျွန်တော့်လက်ကိုလွှဲခါရင်းလွှတ်ချလေတဲ့gemini..

'ထပ်နေရင်အန်တီနဲ့ဆုံဖို့ပဲရှိတော့မယ်..ကျွန်တော်သွားပြီ'

ခပ်သုတ်သုတ်ခြေလှမ်းတွေနဲ့အတူ.အခန်းပြင်ကိုထွက်လာခဲ့တဲ့fourthမှာစိတ်ဆိုးရင်းကျန်နေခဲ့တဲ့geminiကို.လှည့်ကြည့်ဖို့ရန်တောင်အချိန်မလောက်...

အများသုံးသန့်စင်ခန်းရဲ့ဘေစင်မှာတင်.သန့်ရှင်းမှုအစုစုကိုပြုလုပ်အပြီး.geminiရဲ့အခန်းရှေ့ကခုံတန်းမှာသာ.ဟန်မပျက်ထိုင်နေလိုက်တဲ့fourthရယ်ပါ..

သိပ်မကြာတဲ့အချိန်မှာပဲ.သူနာပြုဆရာမနှစ်ယောက်နဲ့အတူ.လမ်းလျောက်လာနေတဲ့အန်တီmohကိုကျွန်တော်တွေ့လိုက်ရပါပြီ.တော်ပါသေးရဲ့လို့သာစိတ်ထဲက​ ဖြေသာမိတယ်.တကယ်တမ်းကျွန်တော့်အသွင်ပြင်မှာရယ်တော့ဘယ်ပုံဘယ်နေရှိသည်ကိုတော့မသိပါ.

ကျွန်တော့်အနားရောက်လာသည်မို့မတ်တပ်ရပ်ကာ.နှုတ်ဆက်ဖို့ပြင်ကာမှကျွန်တော့်ကိုကျော်လွန်ပြီးအခန်းတခုဆီကိုဦးတည်ဝင်သွားတာမို့နေရာမှာကြောင်အမ်းအမ်းဖြစ်သွားရပြန်တာပါ..

'မနက်စာအရင်သွားစားတာပဲကောင်းတယ်'

ခပ်တိုးတိုးဒီစကားကိုဆိုရင်း.ဆေးရုံအောက်ထပ်ဘက်ကိုခြေဦးလှည့်လေတဲ့fourthကို.အခန်းတခုထဲကနေပြန်ထွက်လာရင်းရပ်ကြည့်နေသေးတဲ့အန်တီmohက ပြီးမှသာတခြားအခန်းတခုထဲကိုဝင်သွားခဲ့ပါတယ်..

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now