ဆူပွက်နေတဲ့ဟင်းချိုအိုးကြီးထဲ.မုန်လာဥနီကိုအကွင်းတွေလှီးပြီးပစ်ထည့်နေတာက fourthမဟုတ်တဲ့geminiကပါ..
.'မင်းကနား..ကိုယ်ကချက်မယ် ' ဆိုတဲ့စကားက အလကားတော့မဖြစ်လာ.'တအားပါးပါးလှီးရင်.အားလုံးထည့်မကုန်ခင် အရည်ပျော်သွားလိမ့်မယ်..ထူထူလှီး '
အိမ်ရှေ့ကနေသတိလှမ်းပေးနေတဲ့fourthက.မီးပူတလက်နဲ့အလုပ်များနေတာဖြစ်ပြီး.အထူးသဖြင့် geminiရဲ့ဂျူတီကုပ်ကိုပါ.
'ဒီလောက်တော့ကိုယ်သိပါတယ်..အဲ့မှာအပူမလောင်အောင်သာဂရုထား'
ကိုယ်".သူ့ကိုယ်သူသုံးတဲ့ကိုယ်က ကျွန်တော်ကြားရချိန်တိုင်းကြည်နူးရသည်ထပ်ရယ်ချင်မိသည်ကခပ်များများရယ်...ဘန်ကောက်ကနေပြန်လာကတည်းကလုံးဝကိုနူးညံ့လွန်းချင်နေတဲ့geminiက.တရားဝင်ချစ်သူတွေအဖြစ်အသိမှတ်ပြုပြီးကာမှကဲသည်းလာတဲ့အဖြစ်ပါ.
'ရယ်နေပြန်ပြီဟုတ်လား..အင်းလေ.ကိုယ်တို့ကခုမှပူပူနွေးနွေးကြင်စဦးတွေဆိုတော့.မဆန်းပါဘူး..'
fotတယောက်ရယ်နေသည်အားသူစိတ်မဆိုးနိုင်.သူကိုယ်တိုင်တွင်လည်းအသားမကျနိုင်သေးတဲ့ဒီနာမ်စားအားကြက်သိမ်းထနေရင်းပါ..
'သဘောဗျာ.သဘော..အဲ့ဒီမှာစားကောင်းရင်ပြီးရော.'
အချိန်ခနအကြာ.
'ကိုယ်စားကြည့်တာတော့အတော်ပဲ..fotမြည်းပေးမလား.'
'ရရင်ချတော့လေ..မမြည်းတော့ဘူး.'
'ပြီးတာပဲ..ဒါဆိုအရှေ့မှာသိမ်းလိုက်တော့.ကိုယ်ထမင်းဝိုင်းပြင်တော့မယ်'
ထမင်းဝိုင်း?.ဟင်းချိုအိုးတအိုးနဲ့တင်.နာရီအတော်ကုန်အောင်ဖြုန်းလိုက်တဲ့geminiက ထမင်းဖြူနဲ့ဟင်းချိုတခွက်နဲ့တင်ထမင်းဝိုင်းလို့သုံးလိုက်တာလား..
'အင်း..'
ရယ်ချင်စိတ်ကို အောင့်ထားရတဲ့fourthမှာ.စကားကြီးလေကျယ်နေတဲ့geminiရဲ့လက်ရာကို စားရတော့မှာမို့..
'ရပါပြီဗျာ...'
အရောင်အသွေးကမဆိုးဘူးလို့ပြောရအောင် အရောင်စုံနေတဲ့ဒီဟင်းချိုကပြင်ပအသွင်အပြင်အရတော့ပြည့်စုံပါတယ်ဒါ့ကြောင့် ဒါကို၅မှတ်ပေးပါမယ်.
YOU ARE READING
နှုတ်သော်လည်းနစ်၏ ။ (Completed)
General Fictionဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသ...