အပိုင်း ၄၂

381 40 1
                                    

ဘောင်းဘီအိတ်ထောင်ထဲကနေတုန်ခါလာတဲ့ဖုန်းကြောင့်..တယောသံငြိမ့်ညောင်းနေတဲ့ဒီ​နေရာမှကျွန်တော်ထွက်လာခဲ့ရပါပြီ.

'..'

တစ်ဖက်ကဖုန်းခေါ်လာသူကမည်သူမှန်းကျွန်တော်မသိပေမယ့်.ပထမဆုံးနှုတ်ဆက်သံမှာတင်ကျွန်တော်သိသွားရပါပြီ..ဒါက.သုံးလကျော်ကြာ.ကျွန်တော်စောင့်နေမိတဲ့အဝင်ဖုန်းတစ်ခုပဲမလား.

''ကျွန်တော်အပြင်ခနထွက်သွားတယ်လို့.primကိုပြောပေးပါ.'

အနီးနားကပန်းအလှပြင်နေသူကိုအသိပေးခဲ့ရင်း.ဒီအခမ်းအနားကနေကျွန်တော်ထွက်လာခဲ့ပါပြီ

'he.hello'

ခပ်လှမ်းလှမ်းအကွာကိုရောက်ကာမှကျွန်တော်ပြန်ပြောမိခဲ့ပေမယ့်စိတ်ရှည်စွာစောင့်နေပေးတဲ့geminiကကျွန်တော့်အားပြုံးစေပါတယ်

(ငါ..)

'..'

(အလုပ်နားရက်ယူထားတယ်.အခု.)

'အော...ကောင်းတာပဲ..'

(အင်း.နည်းနည်း.ပြီးတော့..မင်းရော..နားချင်လား.)

'ကျွန်တော်?.'

(အာ..အခုမဟုတ်ရင်တောင်.နားချင်လားပေါ့.အင်းးးး ဟုတ်တယ်အဲ့မေးခွန်းပဲ)

'ကျွန်တော်မစဥ်းစားရသေးဘူး.မစဥ်းစားမိဘူးဆိုပိုမှန်မယ်..'

(အော...အရင်ခြံပဲလား.. )

'ဟင်?..ကျွန်တော်နေတာကိုမေးချင်တာလား.'

(ဟုတ်တယ်....တယောက်တည်းပဲမလား..)

'အာ...မင်း..အဆင်ပြေ​နေရဲ့လား '

(ပြေပါတယ်...အခု​တောင် ငါရေပူ!)

'ခနလေး gemini..အခမ်းအနားစဖို့ကျွန်တော်သွားရတော့မယ်..နောက်မှထပ်ပြောကြတာပေါ့'

အလောဆန်ဆန်စကားတွေကိုဆိုပြီးဖုန်းချသွားတဲ့fourthကြောင့်ဖုန်းကိုင်ရင်းတန်းလန်းငြိမ်ကျသွားတဲ့gemini..ဒါဘယ်လောက်တောင်စိတ်ပြင်ဆင်ပြီးခေါ်ခဲ့ရတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုလဲ..

~~~~

'သတို့သမီးနေရာယူလို့ရပါပြီ..'

အစီစဥ်တင်ဆက်သူရဲ့ဖိတ်ခေါ်မှုကြောင့်.ကျွန်တော်နဲ့အတူရှိနေတဲ့primမှာ.စိတ်လှုပ်ရှားနေသည်အားအတိုင်းသားဖုံးမရလေကာ..

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now