'ရေနဲ့ဆေး...ဒါကနေ့လည်အတွက်'
ကျွန်တော့်ဆီကိုသာအခေါက်မပြတ်လာနေတဲ့geminiကြောင့်မနက်ကတင်အန်တီmohနဲ့တည့်တည့်တိုးခဲ့ရသည်ကိုတောင်ကျွန်တော့်မှာစိတ်ရယ်မလုံ.ဒါ့ကြောင့်ဖြစ်နိုင်ရင်မလာစေချင်သေးတာတော့အမှန်ပါ.
'ဆေး၃နပ်စာကိုတခါတည်းပေးလို့ရလား.gem.
ကျွန်တော်သေချာသောက်နိုင်ပါတယ်''ဟားး..ငါကမင်းဆေးမသောက်မှာကိုစိတ်ပူတာမဟုတ်ဘူး.
အမှန်တိုင်းဝန်ခံရရင်.ငါ့ခြေလှမ်းတွေအားလုံးကမင်းဆီကိုပဲလှမ်းချင်နေတာ..ငါတကယ်မင်းကိုရူးသွပ်နေပြီထင်တယ် fot လုပ်အုံး.'fourthရဲ့ပေါင်ပေါ်မျက်နှာအပ်ရင်းချွဲလေတဲ့geminiက အချိန်ရှိတိုင်းfourthအနားမှာသာနေလိုကြောင်းဝန်ခံဖို့ဝန်မလေးသူပါ.ဒီလောက်အထိဖွင့်ဟဖို့ရန်လည်းသူမတုံ့ဆိုင်တော့ပါ.
'ကိုယ်ပူတွေကူးလိမ့်မယ်..ဖယ်အုံးgem'
geminiရဲ့ပွတ်သီးမှုကိုဟန့်တားနေရတဲ့fourthမှာ.ဒီအခြေနေတွေကသူ့အတွက်.သဘောကျချင်စရာတွေဆိုပေမယ့်သူ့အတွေးထဲအန်တီmohကိုသာစိတ်ရောက်နေရတာချည်းပါ.
' မနက်က ငါတကယ်ပျော်တာသိလား..'
'အင်း.'
'ငါမထင်ထားဘူး..အဲ့လိုနောက်ဖေးလမ်းကြားကမုန့်စျေးတန်းကလည်း.ငါ့အတွက်သုခဘုံလိုခံစားရမယ်လို့လေ.မင်းသိလား.မင်းကလုံးဝချစ်စရာလေးဖြစ်နေခဲ့တာ..ငါလုံးဝထပ်သွားချင်နေတုန်းပဲ fotttttt'
'အင်း..'
'အင်း?..မင်းတကယ်ပဲပျော်ခဲ့တာဟုတ်ရဲ့လား..နည်းနည်းတော့ပိုဖြေပေးကွာ..'
'ကျွန်တော်မှအဲ့ဒီလိုတွေမပြောတတ်တာ..နောက်ပြီး.ကျွန်တော်အတူသွားခဲ့တာက.မင်းနဲ့လေ..မပျော်ဘူးဆိုတာကဖြစ်နိုင်ပါ့မလား'
'အိုဟိုး...ငါတကယ်မင်းရဲ့အရာရာလေးဖြစ်ချင်သွားပြီ '
ရွှန်းလဲ့တဲ့အချစ်မျက်ဝန်းတစုံနဲ့geminiကfourthရဲ့လက်ကိုဆုပ်ကိုင်ထားရင်းဒီစကားတွေကိုပြောနေခဲ့တာမျိုးပါ.fourthတွင်တော့နောက်ကျောမအေးတဲ့အသွင်နဲ့ရှိနေရတာမျိုးပါ.
YOU ARE READING
နှုတ်သော်လည်းနစ်၏ ။ (Completed)
General Fictionဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသ...