အဖြူရောင်နှင်းဆီတပွင့်က အဖြူရောင်အုတ်ဂူငယ်ထက်မှာစောနှင့်လို့ရောက်နေခဲ့ပါပြီ..ဒါ့ကြောင့်ကျွန်တော့်လက်ထဲကအနီရောင်နှင်းဆီက.နောက်ကျလို့သွားခဲ့တယ်ဆိုတဲ့သဘောပဲပေါ့..
နုစိပ်စိပ်မြက်ခင်းပြင်တွေပေါ်.ခြေဗလာအတိုင်းကျွန်တော်လျောက်သွားနေမိတယ်...မည်သို့သောခံစားချက်ကမှကျွန်တော့်ဆီတန်မပြန်ပေမယ့် ဒီရပ်ဝန်းတွင်မှာသာကျွန်တော်နေချင်မြဲလေ.
'gem...dadyတို့ပြန်ရအောင်'
ကျွန်တော့်လက်မောင်းကိုဆုပ်ကိုင်လာရင်းအိမ်ပြန်ဖို့စကားစပ်လာတဲ့dady.. .အနီးနားကကျွန်တော်ချွတ်ပစ်ခဲ့တဲ့အိမ်စီးဖိနပ်ကိုသာ.ပြန်ကောက်ယူခဲ့ပြီး.အသာတကြည်နဲ့ပဲ ကျွန်တော်လက်ခံလိုက်မိတယ်..ဒါက ကျွန်တော်နာခံတတ်လာပြီဆိုတဲ့သဘောရယ်လား.
~~~~
အရေးပေါ်ကားသံက ဆေးရုံဝန်းထဲကိုအပြေးအလွှားနဲ့မောင်းဝင်လာခဲ့တာမို့ အတူပါလာခဲ့တဲ့လူရဲ့အခြေနေအားအထူးစဥ်းစားရန်မလိုပါ.
'သွေးထွက်လွန်နေပေမယ့်.အောက်စီဂျင်မကျသေးတာမို့ကျွန်တော်ရသလောက်ကယ်ထားသေးတယ်.ဆရာ '
satangရဲ့လက်လွှဲပေးမှုအခြေနေအောက်မှာ.winnyရဲ့လျင်မြန်တဲ့လှုပ်ရှားမှုတွေက လိုက်ဖက်ညီစွာနဲ့ပါပဲ.
' ကျွန်တော့်ညီကိုမြန်မြန်ကယ်ပေးကြပါ.'
ဒီနေရာမှာအလောဆန်သထပ်ပိုနေတဲ့သူက Mark.အမြင်သာမမှားရင် တောက်လျောက်ငိုချလာတဲ့သူတယောက်လိုမျက်လုံးတွေကပါ မို့အစ်နေပါသေးတယ်
လက်ကောက်ဝတ်ထဲ ဘောပင်စိုက်ခဲ့တာမို့ သွေးထွက်လွန်နေတဲ့fourthမှာ.ရည်ရွယ်ချက်ရှိရှိအဆုံးစီရင်ခဲ့ကြောင်းကပေါ်လွင်နေတာမျိုးပါ.ဖြူစုတ်စုတ်မျက်ခမ်းနဲ့နှုတ်ခမ်းတွေနဲ့အတူ.ကုတင်အဆင့်ဆင့်စီကူးပြောင်းသွားနေရတဲ့fourthက သူ့အကြံအစည်အားဝိုင်းပြီးနှောင့်ယှက်နေကြလို့များဒေါသပုန်ထနေလောက်မလားတောင်မပြောတတ်ပါ.
ဒါပေမယ့်..ဘဝကဒီလောက်ထိမလွယ်ကူဘူးမလား.~~~~
'သေဆုံးချိန် 7:11pm ပါ '
ကိုယ်လက်မှတ်ထိုးခဲ့ရတဲ့အကျိုးဆက်ကဒီလိုမျိုးအလဲလဲအပြိုပြိုဖြစ်ရမှာကို အတည်ပြုပေးခဲ့ရတာမျိုးဖြစ်ပြီး.လက်ထဲကစာချုပ်ဆိုသည်ကိုလည်းကြေမွသွားအောင်ဆွဲစုတ်လို့ချေဖျက်လိုက်ပါပြီ.
YOU ARE READING
နှုတ်သော်လည်းနစ်၏ ။ (Completed)
Ficción Generalဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသ...