အပိုင်း ၁၂

633 54 9
                                    

ဝက်ဂုတ်သားကင်နဲ့ ထမင်းအဖြူထည်ပူပူက.မနက်စာအတွက်ဆိုပြီး.စားပွဲမှာအသင့်အနေနဲ့..ကျောင်းတက်လာတဲ့တောက်လျောက် ဆိုင်စာကိုသာစားလာခဲ့တဲ့ကျွန်တော့်မှာ.ရံဖန်ရံခါ.အသင့်စားခေါက်ဆွဲပြုတ်မှသာ မီးဖိုဆောင်ကိုသုံးဖြစ်တာပါ.အခုနေတော့.မရပ်နားသေးတဲ့အသံတွေကဆက်တိုက်ကိုထွက်နေဆဲပါပဲ

' ရေခဲသေတ္တာကိုကျွန်တော်ရှင်းပေးမှာမို့.ကြိုက်တာတွေမကြိုက်တာတွေကိုပြောပြပေးပါလား '

မနေ့ညနက်ပိုင်းကတည်းက တည်းခိုဖို့အကူညီတောင်းလာသူက.ကျွန်တော့်စီနီယာကတဆင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကထင်သလောက်မသိသာပေမယ့်.ရင်းနှီးကြသူတွေအဖြစ်တော့မြင်ကြပုံပါ..နောက်ပြီး.အကူညီကလည်းတကယ်တမ်းလိုအပ်နေသည်ပဲမလား.

အခုနေလည်းမနက်စာအသင့်ဖြစ်ရအောင်ပြင်ဆင်ပေးထားတဲ့သူက.အခန်းတွင်းသန့်ရှင်းရေးတချို့နဲ့အတူရေခဲသေတ္တာသန့်ရှင်းရေးကိုလည်းဆက်လုပ်နေပုံပါ..ဘုရားစူး.ကျွန်တော်သူ့စက်ဝန်းကနေ.ပြေးထွက်လာခဲ့တာက.အလုပ်မဖြစ်တော့ဘူးလို့သာ ထင်ပါရဲ့ဗျာ.

' ..'

'ok.စားလက်စအနေနဲ့ပြောဖို့အဆင်မပြေရင်.noteထားခဲ့လိုက် ရတယ်..ကျွန်တော်အခန်းအဝင်ဝကမီးသီးလဲဖို့အဆောင်မှူးကိုသွားပြောအုံးမလို့.'

တခါစနှစ်ခါသာသူရောက်ဖူးတဲ့ကျွန်တော့်အဆောင်ခန်းသာဆိုတယ်.အားလုံးကိုသိနှင့်နေတဲ့သူလို.အသားတကျဖြစ်နေပုံက.
လူမှုဆက်ဆံရေးကောင်းခြင်းရဲ့အကျိုးတခုပဲမလား.ဒီလိုနေရာတွေကျကျွန်တော်ကဝင်မဆံ့တာဝန်ခံပါတယ်.

ကျွန်တော့်ရဲ့ပြန်ဖြေစကားကိုသူမစောင့်..အခန်းပြင်ကိုထွက်သွားပြီဖြစ်တဲ့အတွက်.သူ့စကားအတိုင်းnoteမှတ်ဖို့သာအာရုံထားလိုက်ပါတော့တယ်

~~~~

'' အသီးအရွက်မလို.ကြက်ဥ ၁ဒါဇင်
အသင့်စားခေါက်ဆွဲခြောက် ချဥ်စပ်အရသာ ၂ဒါဇင်
လိမ္မော်ရည်နဲ့ကီဝီရည်က နှစ်ကဒ် ''

ပြည့်စုံတဲ့အမှာစာတခုကိုချရေးခဲ့တဲ့ geminiမှာ.တကယ်တမ်းဒီလောက်ထိလုပ်ခဲ့ဖို့လိုသည်လားတော့မသိ..တိုက်ထပ်မြင့်ကနေဆင်းလာခဲ့အပြီး.ကိုယ့်လုပ်ရပ်ကို.ကိုယ်တိုင်ရှက်မိလေတဲ့geminiမှာ.ခုတွင်ပဲအခန်းပြန်ရောက်ဖို့အားထုတ်ရပြန်ပါပြီ.

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now