အပိုင်း ၂၆

473 59 7
                                    

'မင်းဒါဘာလုပ်တာလဲ fot..'

ကျွန်တော်ထင်တဲ့အတိုင်း.အဝတ်အိတ်ဆွဲလေတဲ့fotက.အရင်ကအတိုင်း.ရှေးနည်းအတိုင်း.ရှောင်ပုန်းဖို့ကိုသာ.အာသီသရှိနေဟန်ပါ.

'ကျွန်တော့်အလုပ်ပြီးပြီလေ..ပြန်ရုံပေါ့'

'ဘာ!..မင်းကရှောင်ပုန်းတာကလွဲတခြားမတတ်နိုင်တဲ့လူလား..ဟမ်!.'

fourthရဲ့လက်မောင်းပြင်ကိုဆွဲညှစ်ကိုင်ထားရင်း အားပါစွာမေးလိုက်တဲ့geminiရဲ့အသံတွေထဲ.ဒေါသနဲ့အတူခံပြင်းသောလေသံတချို့ကိုပါရောညှပ်လို့.

'ကျွန်တော်က.အပင်စိုက်ဖို့အတွက်ပဲ လာခဲ့တာလေ..ရေပုံမှန်လောင်းရုံတင်ပဲ.မင်းလုပ်ရတော့မှာ'

geminiရဲ့လက်ကိုဖြုတ်ထုတ်ဖို့ကြံလေတဲ့fourthမှာ..ဘာခံစားချက်မှအပြင်းအထန်မခံစားနေရသလို.သာမန်လေသံနဲ့သာပြန်တုန့်ပြန်နေတာမျိုးပါ.

' ငါမင်းကို.ဒီကိစ္စအတွက်နည်းကောင်းလမ်းညွှန်ဖို့မေးမိသေးလား.fot..မင်းတလွဲလေသံမဟစ်လို့ရမလား.'

'ကျွန်တော့်ဘက်ကပြောစရာဆိုလို့ဒါပဲရှိတာလေ gemini.'

'gemini??....မင်းအားနေလား.fot..မင်းအားနေရင်ရေသွားလောင်းနေ သွား..ပြီးမှငါတို့စကားဆက်ပြောမယ်'

'gem gem gem.ဒီလိုတွေခေါ်ဖို့ကျွန်တော့်အတွက်လွယ်တယ်ထင်နေလား gemini...ဟင်?..လွယ်တယ်ထင်လို့လား..'

'ငါပြောပြီးသား..မင်းငါ့ကိုပဲကြည့်ရင်..ငါ့ကိုပဲမြင်မယ်..မင်းဂရုစိုက်စရာဆိုလို့ငါပဲရှိမယ် fot..မင်းသတ္တိရှိစမ်းပါ.'

fourthရဲ့မျက်နှာအနီး နီးကပ်အောင်တိုးကပ်သွားတဲ့geminiမှာ..အဆုံးသတ်စကားကိုတော့fourthရဲ့မျက်နှာကိုထိန်းကိုင်ထားရင်းနဲ့မျက်လုံးချင်းကိုပါစေ့ဆိုင်စေကာပြောနေတာပါ..မျက်ဝန်းက အတွင်းစိတ်အတွက်တံခါးပေါက်လို့ဆိုခဲ့ကြတာမလား..

'ဟင့်အင်း..မရဘူး..ကျွန်တော်အဲ့လိုလုပ်လို့မရဘူး.'

geminiဆွကအရရုန်းရင်း.ထွက်သွားဖို့ကိုသာပြင်လေတဲ့fourthမျာကြာကြာဆက်နေရင် အန်တီmohတယောက်ဆင်းလာတော့မှာကိုခံစားနေရတာကြောင့်ပါ.

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now