အပိုင်း ၁၉

579 58 7
                                    

နှင်းဆီပင်တွေရောက်လာဖို့ဖုန်းရထားပြီးပြီမို့ အိမ်ရှေ့မှာထွက်စောင့်နေတဲ့geminiမှာစောသေးပေမယ့် နိုးနေပါပြီ.လက်ရှိဒီအိမ်ရဲ့ပိုင်ဆိုင်သူကဘယ်သူဖြစ်နေနေ.ကျွန်တော့်ရဲ့စောင့်ရှောက်ပေးလိုစိတ်ကိုတော့.တားမရပါဘူး.ကျွန်တော်က.ကျွန်တော့်သဘောကျတာကိုမှမလုပ်ရမနေနိုင်သူပါ

'ဒီဘက်ကိုကွေ့လို့ရတယ်..ဝင်ခဲ့ရတယ်.'

ကားစိုက်တာနဲ့ခြံထဲကို.မောင်းဝင်ခိုင်းတဲ့geminiမှာ.တက်ကြွနေသည်ကအထူးပြောရန်မလို..

' ဒီမှာဘောက်ချာပါ.ဒေါက်တာ.'

'ဒါတွေထား..ပစ္စည်းအရင်ချမယ် '

နှင်းဆီပင်ငယ်တွေကိုသွားဆွဲချနေတဲ့geminiမှာ.ဘောက်ချာဆိုသည့်စာရွက်ကိုလည်းမကြည့်နိုင်ကာ.

'အာ.ဟုတ်ကဲ့ဒေါက်တာ..ပစ္စည်းချမယ်ဟေ့!!!'

ကားသမားဆိုသူရဲ့သတိပေးစကားအပြီး.လည်ပင်ဖုံးတဲ့အထိရှည်တဲ့ဦးထုပ်တွေကိုဝတ်ထားတဲ့သူတွေမှ နှင်းဆီပင်တွေကိုယူချနေပါပြီ.

'သတိထား.ဒေါက်တာ..ကျွန်တော်တို့သယ်မယ် ရတယ်'

'အာ..ခပ်ယွယွကိုင်ပေးကြပါလား..ဒါကသေချာစိုက်ရမှာမို့.'

တပင်သယ်လည်းတပင်နောက်လိုက်နေတဲ့geminiမှာနည်းနည်းတော့အသည်းပိုနေဟန်ပါ.

'ဟမ်...ဒေါက်တာကယွယွတဲ့ဟေ့.'

'ဟားဟားးးး..'

ရယ်မောကာနဲ့ပဲအပင်၂၀၀ကိုနေရာချလိုက်သည်ကနာရီဝက်တောင်မကြာပါဘူး..ပြီးနောက်.

'တခါတည်းစိုက်ပေးမှာမလား.'

'ဟမ်..ကျွန်တော်တို့ကပစ္စည်းသယ်ယုံပဲလာတာ..'

'တခါတည်းစိုက်ပေးဖို့ကျွန်တော်မှာထားပါတယ် '

linnကိုစိတ်ချlinnပြောပေးမယ် ဆိုတဲ့စကားကဒီနေရာမှာကျွန်တော့်အား.လက်မှိုင်ကျစေပါပြီ.

'ဟုတ်လား..ကျွန်တော်တို့ကလည်းကားသမားတွေဆိုတော့ '

'ဟုတ်ပြီဟုတ်ပြီ..ကျွန်တော်ဆက်သွယ်ယူလိုက်တော့မယ် '

'ဒါဆိုသွားအုံးမယ်.ဒေါက်တာ.ကျေးဇူးပဲ '

'ဟုတ်ကဲ့.ဂရုစိုက်ကြဗျာ.'

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now