အပိုင်း ၁၃

628 65 12
                                    

'Happy birthday.... '

ကျယ်လောင်တဲ့ဆုမွန်တောင်းစကားတခွန်းက.ခမ်းမဝန်းအတွင်းပြန့်နှံ့သွားခဲ့ပြီး.လက်ခုပ်သံသည်ကတော့ တဖျောင်းဖျောင်းနဲ့ကိုညံစီသွားပါပြီ..

' ပျော်ရွှင်ဖွယ်မွေးနေ့ရက်လေးဖြစ်ပါစေ.ပါးပါး '

5နှစ်အရွယ်လောက်သာရှိသေးမယ့်ကလေးငယ်လေးတဦးရဲ့.မွေးနေ့ဆုတောင်းစကားက.နားထဲချစ်စဖွယ်တိုးဝင်ကောင်းတိုးဝင်သွားနိုင်ပေမယ့် ကျွန်တော့်တွင်တော့မဟုတ်ပါ.

သူမက.dadyရဲ့နောက်အိမ်ထောင်နဲ့ရတဲ့ကလေး
တနည်းပြောရရင်ကျွန်တော့်ထပ်ဦးစားပေးနေရာရလိုက်တဲ့ကလေး..ဇနီးဦးရဲ့သားဦးဖြစ်တဲ့ကျွန်တော်က..ထောင့်တနေရာကနေသာဒီအခြေနေတွေကိုကြည့်နေရရင်းပေါ့.

အစကမလာဖို့အတန်တန်ငြင်းတယ်...momyကအစ ဖွားအဆုံး.
ဒီမွေးနေ့ပါတီကိုတက်ဖို့ပြောပေမယ့်ပေါ့...ကျွန်တော့်ငြင်းဆိုချက်ကိုပြောင်းလဲစေတဲ့အချက်တွေထဲသူမကမပါမဖြစ်ပါပဲ.
ကျွန်တော်စိတ်ဝင်စားလို့မဟုတ်.သံယောဇဥ်မျှပေးဖို့လည်းမဟုတ်.ဒီအတိုင်း..ဒီအတိုင်းတကြိမ်ဆိုယုံမျှတွေ့ဖူးထားချင်ယုံပါ.

' gem..ဒီလာ.'

momyရဲ့သဘောကျ.ဖွားရဲ့အလိုကျဒီနေရာကိုရောက်လာခဲ့ရတဲ့ကျွန်တော့်မှာ.ဘယ်သောသူနဲ့မှမဆက်ဆံလို မခေါ်ပြောလိုပါ.
ဒါ့ကြောင့်ချောင်ကျကျနေရာတခုကသာ ကျွန်တော့်ရဲ့လုံခြုံရာပါ..ခက်တာက.ကျွန်တော့်အားတစုံတယောက်ကတွေ့သွားခဲ့လေပါပြီ

'လာလေ..တီငယ်ဆီ.'

dadyရဲ့ညီမ..အတိအကျညွှန်းရရင်.ဖအေတူမအေကွဲညီမ.က.ကျွန်တော့်အားအရေးအရာလုပ်ပြီးသူ့အနားခေါ်နေခဲ့တာပါ..

'ကျစ်'

ငြင်းရန်ဆက်မကောင်းအလိုက်သင့်သာ.ထောင့်အရပ်ကနေထွက်လာခဲ့လိုက်တဲ့ကျွန်တော်က..ခပ်ကွာကွာကနေသာနှုတ်ဆက်လိုက်ပါတယ်.

'ဆဝါဒီခပ်.Aunty jep '

'အင်း.ဆေးကျောင်းတက်နေပြီဆို.'

'ပြီးတော့မှာပါ.'

'အော...အကိုကြီးပြောပြလို့သိတာ..ဘလိုလဲ..
စာတွေများတာနှလုံးကခံနိုင်ရဲ့လား..'

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now