အပိုင်း ၃၀

472 54 7
                                    

အောင့်မျက်လာတဲ့ကျောပြင်နဲ့လက်မောင်းသားတွေကြောင့်ညီးညူသံနဲ့အတူမနက်ခင်းကိုအစပြုလေတာကgeminiမှာ.

'ကျစ်ကျစ်..'

'အောဝ်း...ခန..ကျွန်တော်ထ!'

'ရတယ်..လက်ဖယ်လိုက်ရင်ရတယ်'

ကြိုးပုခက်ကိုပြန့်ကျယ်အောင်ဂွထောက်ထားတာမို့..နှစ်ယောက်စာလုံလောက်တဲ့ဒီပုခက်ကျယ်ကြီးထဲ.မနေ့ညလယ်ကတိုင်ဒီမနက်အစောပိုင်းအထိအိပ်ပျော်နေခဲ့သည်သာဆိုရမှာပါ.

တညလုံးမီးပျက်မှာကိုသိပြီးကတည်းက.ခြံနောက်နားကသရက်ပင်အောက်မှာကြိုးပုခက်ဆင်လေတဲ့geminiနဲ့fourthမှာလရောင်ကိုသာအလင်းအားပြုရင်းအပြင်လေသန့်နဲ့အတူအအေးဓာတ်ကိုခံယူခဲ့တဲ့သဘောပါ.

'ကျွန်တော်ဘာလို့ဖိမိသွားလဲမသိဘူး..တအားနာပြီထင်တယ်'

ခုနေမှာgeminiထပ်ကိုယ်ကောင်ထွားနေနိုင်ပေမယ့်.အမြဲလိုလိုgeminiရဲ့ရင်ခွင်ထဲမှာသာတိုးဝင်နေတတ်တဲ့fourthရဲ့အမူအကျင့်ကြောင့်geminiတယောက်အထိနာနိုင်ခဲ့ပေမယ့်.သူတွင်လည်းအကျင့်ရနေသူလိုအပြုံးမပျက်ပါပဲ.

'ဟင့်အင်း...မနာဘူး..ညကအိပ်ပျော်ရဲ့လား'

'အင်း....ခေါင်းအုံးအတွက်တော့.အားနာတယ်တကယ်'

geminiလက်မောင်းကိုခေါင်းအုံးလုပ်မိခဲ့လောက်မယ့်အနေမို့ကျွန်တော့်မှာ.တကယ်ကိုအားရယ်နာ..

'ဘာမှမဖြစ်ဘူးလို့ပြောတာက တကယ်ဘာမှမဖြစ်လို့ပဲ...ညကအိပ်ပျော်တယ်ဆိုရုံနဲ့တင်.ရပါပြီ'

'အင်း....ဒါနဲ့ဒီနေ့ခေါင်းလျှော်မလား..ကျွန်တော်လျှော်မလို့.'

ကျွန်တော့်ထပ်ခေါင်းတလုံးအနိမ့်မှာရှိနေစဲဖြစ်တဲ့fourthကစကားတခွန်းကိုဆိုဖို့ပြင်တိုင်း.မျက်လုံးလှန်ကြည့်လေတဲ့အခါ.အပေါ်စီးကမြင်ရတဲ့ကျွန်တော့်မှာအသည်းရယ်တကယ်ယားရပါတယ်..

'အင်း..ရတာပဲ...'

'ok...အာ...ရေခဲသေတ္တာထဲကအသားတွေ...ကျစ်!..ကျွန်တော်ထမှရတော့မယ်gem...'

ကြိုးပုခက်ပေါ်ကနေထပြေးသွားတဲ့fotမှာအိမ်မကြီးပေါ်ကိုဦးတည်ရင်းပြေးတက်သွားတာဖြစ်ပြီး.ကျွန်တော့်တွင်တော့ခပ်လှမ်းလှမ်းကိုရောက်နှင့်ပြီးပြီဖြစ်တဲ့fotရဲ့ခန္ဓာမှာသာအကြည့်တို့ကစွဲကပ်ရင်းနဲ့ပါပဲ.

နှုတ်သော်လည်းနစ်၏ ။ (Completed)Where stories live. Discover now