27

163 17 2
                                    


(27)

" သေချာရဲ့လား "

အရှင်မက ကိုယ်ရံတော်.မင် မျက်နှာကို စိုက်ကြည့်ပြီးမေးလာတော့ သေချာပါတယ်ဟူ၍​လျှောက်တင်လိုက်သည်။

" သူကတော့ မပြောပါဘူး အရှင်မ ... အမိန့်ပေးထားတဲ့အတိုင်း သူ့ရဲ့ ခြေနှစ်ဖက်နဲ့ လက်တစ်ဖက်ကိုဖြတ်ပြီးတာတောင် မပြောပါဘူး ... နောက်တစ်ဖက်ကို ထပ်ဖြတ်ဖို့လုပ်နေတုန်း လျှာကိုက်ပြီးသေသွားပါတယ် ... ဒါပေမယ့် ကျွန်တော်မျိုးရဲ့လူတွေ စုံစမ်းပေးတာအရတော့ အရာရှိတစ်ယောက်အိမ်ကခိုင်းတယ်ဆိုတာ သေချာပါတယ် "

" ထူးဆန်းတာပဲ "

အရှင်မက မျက်ခုံးတွေတွန့်ချိုးလျက် စဥ်းစားနေသည်။

" အဲ့ဒီအရာရှိကို ရအောင်စုံစမ်း ... ရာရာစစ ဘယ်သူကများ ငါ့ရှေ့မှာ ဒီလိုစကားတွေပြောဖို့ ဒီလူကိုလွှတ်လိုက်တာလဲ မိရင်ခေါင်းဖြတ်ပစ်မယ် "

" ...... "

" ကိုယ်ရံတော်မင် ရူဟွေ့နန်းဆောင်ကို လုံခြုံမှု ဖြည့်ထားပေးရဲ့လား "

" ဖြည့်ထားပါတယ်အရှင်မ လက်ရွေးစင်အဖွဲ့ထဲက ရဲမက်နှစ်ဦးထားထားကြောင်းပါ "

" ကောင်းပြီ မင်းလူတွေကို ထပ်သွားစုံစမ်းထားခိုင်းလိုက် နန်းတွင်းကို လူထပ်လွှတ်လာနိုင်လို့ မင်းသေချာစောင့်ကြည့်ထား "

" အမိန့်အတိုင်းပါ အရှင်မ "

ကိုယ်ရံတော်.မင် ထွက်သွားတော့ ဟန်ကျင်းယုံမှာ အကြာကြီးစဥ်းစားခန်းဝင်နေမိသည်။ အစကတော့ ဒီတိုင်း ဟိုလူက ပါးစပ်သရမ်းတာဟု ထင်ပေမယ့် နောက်ကြောင်းစုံစမ်းတော့ အရာရှိတစ်ယောက်တစ်ယောက်ရဲ့ အိမ်က ခိုင်းတယ်ဆိုတာက တော်တော် နက်နဲသည်။

ဒါထက် ဘာလို့များ လီယွမ့်ကို ပစ်မှတ်ထားရတာလဲ။ ရည်ရွယ်ချက်ကလဲ သတ်ပစ်ဖို့မဟုတ်ဘဲ ဖြစ်နေတော့ ထူးဆန်းလွန်းသည်။

~~~~~~~~~~~~~~~

" သခင်မလေး ... "

" အင်း ယဲ့ကျီ "

လီယွမ်က ဆေးရောင်စုံနှင့် ဆေးစုတ်တံများ စက္ကူပိတ်များအား အထုပ်ဖြစ်အောင် ထုပ်ပိုးနေရင်းပြောသည်။

You've reached the end of published parts.

⏰ Last updated: Oct 02 ⏰

Add this story to your Library to get notified about new parts!

Gentle & Cruel : Empress Li Yuan Where stories live. Discover now