(26)
အကျဥ်းခန်းနားသို့ တဖြေးဖြေးချဥ်းကပ်လာတဲ့ ခြေသံကြောင့် လီယွမ် ခေါင်းထောင်သွားမိသည်။ အရှင်မများလား။
အရှင်မက ဟိုနေ့ကလာပြီး အပြစ်ဒဏ်ချမှတ်ပေးပြီးတည်းက မလာတာ ဒီနေ့ဆို ၃ရက်မြောက်နေ့ဖြစ်သည်။ လီယွမ့်မှာလဲ အစားမစားရတာ ၃ရက်ရှိပြီဖြစ်ကာ တစ်ကိုယ်လုံး အားအင်ချိနဲ့နေသလိုပင် ဖြစ်နေချေပြီ။ သို့သော် အရှင်မက ဒီကိစ္စတွင် သူမကိုစိတ်ဆိုးမနေဘူးဟုတွေးမိလျှင် သူမ အားတွေပြန်ပြည့်လာသလိုခံစားရသည်။ ဒီထဲကထွက်ရင် အရှင်မ စိတ်ကျေနပ်အောင်ပဲ နေထိုင်မည်ဟု စိတ်ကူးထားမိသည်။
ခြေသံကအနီးဆုံးသို့ရောက်လာသည်နှင့် လီယွမ်မှာ ခပ်ကျုံ့ကျုံ့လေးထိုင်နေရာက ထ၍ သံတိုင်နားပင်တိုးကပ်ကာ စောင့်မျှော်နေမိသည်။သို့သော် လီယွမ့်မြင်ကွင်းထဲဝင်ရောက်လာသည်က မျှော်လင့်ထားသူတော့မဟုတ်ပါချေ။
" အစ်မရှီးစဲ့ "
အစ်မရှီးစဲ့က အခြားသူတစ်ယောက်လိုမျိုးပြောင်းလဲသွားသည်။ အဝတ်အစားအပြင်အဆင်များကြောင့်မဟုတ်။ စိမ်းကားလှသည့်အကြည့်တွေနှင့် မျက်နှာထားကြောင့် အခြားတစ်ယောက်လို့ပင် လီယွမ်မှတ်ယူမိသည်။
" ဘာလဲ အရှင်မ မဟုတ်တော့ စိတ်ပျက်သွားတာလား "
အစ်မရှီးစဲ့က ခနဲ့တဲ့တဲ့ဆိုလျှင် လီယွမ် ခပ်ဖြေးဖြေးသာ ခေါင်းခါမိသည်။ စိတ်ကသာ အရှင်မကိုတွေ့ချင်ပေမယ့် ယခုလို ရေချိုးသန့်စင်ခြင်းမပြုနိုင်ပဲ စုတ်ညံ့နေတဲ့ ပုံစံဖြင့် အရှင်မကို မတွေ့ချင်ပါ။
အစ်မရှီးစဲ့ကို ကြည့်ရင်း လီယွမ် အတွေးများနေရသည်။ အစ်မရှီးစဲ့နဲ့ပတ်သတ်ပြီး အိပ်မက်တွေသာဖြစ်လိုက်ချင်သည်။ အိပ်မက်ကနိုးလာရင် အစ်မရှီးစဲ့က ပြုံးပြီး 'ညီမလေး' ဟုခေါ်တာကိုပဲ ကြားချင်သည်။
ဒါမှမဟုတ် အစတည်းက သူမအပေါ် မကောင်းပေးခဲ့တာမျိုးကိုပဲ မျှော်လင့်မိသည်။" နင့်ကြည့်ရတာ အိုစာနေတာပဲ အသက်က ၁၈နှစ်ရော ဟုတ်ရဲ့လား ... ငါကတော့ ထင်တာ နင်သိပ်ပျော်ပြီး လှပနေမယ်လို့လေ "
YOU ARE READING
Gentle & Cruel : Empress Li Yuan
Fiksi Sejarahချစ်ခြင်းက ပိုးဖဲသားလို နူးညံ့တတ်သလို မိစ္ဆာတစ်ကောင်လိုလဲ ရက်စက်တတ်ပြန်တယ် Own Creation (Both Uni + ZG) Own Universe Start Date - 18 . 3 . 2024