အပိုင်း ၁

1.3K 77 0
                                    

ဆောင်ဟန်ဘင်း သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ ကျောင်းနားကကော်ဖီဆိုင်ထဲဝင်လာခဲ့တယ်.ဆိုင်ထဲဝေ့ကြည့်လိုက်တော့ တစ်ယောက်မှမရောက်​​ြက​သေးတာနဲ့ ကောင်တာနားသွားပြီးကော်ဖီအရင်မှာဖို့လုပ်လိုက်တယ်.

"Latte တစ်ခွက်''

သူမှာတာမဟုတ်ဘဲ အသံကြားရာကိုလှည့်ကြည့်မိတော့ သူနဲ့အရပ်ရွယ်တူလောက်ရှိမယ့် ကောင်လေးတစ်ယောက် မျက်နှာဖြူဖြူနုနုလေးမှာ ကျွဲကော်ကိုင်းမျက်မှန်လေးနဲ့ ​ ​​ယောကျ္ားလေးတန်မဲ့ပန်းရောင်သမ်းပြီးဖူးနေတဲ့နှုတ်ခမ်းလေးဆီကိုအကြည့် ခဏရောက်သွားပြီးနောက် ဟန်ဘင်း ယောကျာ်းလေးချင်းငေးမိသွားတာကို အသိဝင်ပြီး နှုတ်ခမ်းလေးကွေးရုံပြုံးလိုက်မိတယ်.တစ်ဖက်ကတော့ သူငေးကြည့်မိသွားတဲ့ခဏတာ အခိုက်အတန့်လေးကိုတောင်သတိမထားလိုက်မိပဲ မှားထားတဲ့ကော်ဖီရတာနဲ့ယူပြီးထွက်သွားလေတယ်.ဟန်ဘင်းအမေရိကန်နိုတစ်ခွက်မှာလိုက်ပြီး စားပွဲလွတ်တစ်ခုမှာဝင်ထိုင်လိုက်တယ်.ထိုင်လိုက်တော့မှ ခုနကတစ်ယောက် သူနဲမျက်နှာချင်း ဆိုင်စားပွဲမှာထိုင်နေတာတွေ့လိုက်တယ်.ပတ်ဝန်းကျင်ကိုလုံးဝစိတ်ဝင်စားပုံမပေါ်ပဲ ရှေ့ကlaptopနဲ့သာအလုပ်ရှုပ်နေလေတော့တယ်.ဟန်ဘင်း သူတို့ကျောင်းကများလားလို​့ အတွေးဝင်လာမိတယ်.ဒါပေမယ်လဲ တစ်ခါမှမမြင်ဖူးဘူး.အင်းပေါ့လေ တစ်ကျောင်းလုံးကကျောင်းသားတွေလဲ အကုန်သိတာမှမဟုတ်တာ.တစ်ချက်ချက် ကျွဲကော်ကိုင်းမျက်မှန်လေးကိုလက်ညှိုးလေးကွေးပြီးပင့်တင်လိုက် နှုတ်ခမ်းလေးကိုက်ပြီးစဉ်းစားနေလိုက်နဲ့ သူ့ရှေ့ကနေ အကြာကြီးစိုက်ကြည့်နေတာတောင် နည်းနည်းမှရိပ်မိဟန်မတူပါ.

"ရောက်နေတာကြာပြီလား ဆောင်ဟန်ဘင်း''

နောက်ကနေ ပုခုံးကိုတစ်ချက်ရိုက်ရင်း ပြောလိုက်တဲ့ ဂယူဘင်း အသံကြားတော့မှ လှည့်ကြည့်လိုက်မိတယ်.ဂယူဘင်း ဂွန်ဝု မတ်သရူး.  ဂျီဝန်း လေးယောက်လုံး တူတူရောက်လာကြတယ်.သူတို့လေးယောက်လုံး က အဆောင်နေပြီး ဟန်ဘင်းကတော့ အိမ်ကဝယ်ပေးထားတဲ့ Apartမှာနေတာမို့ ဟန်ဘင်း ဘဝ လေးယောက်တစ်ယောက် အမြဲစောင့်ရတဲ့ဘဝကချည့်ပဲနေရတယ်.ဂွန်ဝုက

Unchangeable LoveOù les histoires vivent. Découvrez maintenant