အပိုင်း ၁၆...
သူတို့နှစ်ယောက်အတွက်အထိမ်းအမှတ်ေန့ဆိုတာ ဟာအိုမကြုံဖူးသေးပါဘူး။ဟန်ဘင်းနဲ့စတွေ့ထဲက ထင်တာထက်ပိုပြီးသူတို့မြန်မြန်ရင်းနှီးခဲ့ကြတာမို့ တွဲနေတာ နှစ်ကြာနေတဲ့Relationshipလို့ထင်ရပေမယ့် တကယ်က သူတို့တွဲခဲ့တာ ဒီနေ့မှ ရက်၁၀၀ပြည့်တာပါ။ဟာအိုလွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက လက်ချိုးရေနေခဲ့ပေမယ့် ဟန်ဘင်းကတော့ ရက်၁၀၀ပြည့်နဲ့ပတ်သတ်ပြီးသူ့ကိုဘာမှတောင်မဟပါ။သူပဲစိတ်စောနေလို့လားမသိ။ဘာပဲဖြစ်ဖြစ် ဟန်ဘင်းအတွက်မထူးဆန်းပေမယ့် သူ့အတွက်က အခုမှကြုံဖူးတဲ့ ကိစ္စမို့လား။
ဟာအိုဒီနေ့အစောနိုးနေပြီး ဟန်ဘင်းရင်ခွင်ထဲကနေ ဟန်ဘင်းကိုမော့ကြည့်နေရင်း ဟန်ဘင်းကမနိုးသေးတာမို့ နှုတ်ခမ်းလေးကိုဖွဖွလေး အနမ်းပေးရင်းနှိုးလိုက်လေတယ်။ဟန်ဘင်းသူ့အနမ်းကြောင့်လူးလွန့်လာကာ သူ့ကိုမပွင့်တပွင့်မျက်လုံးနဲ့ ကြည့်လိုက်တော့....
"morning. ..''
ဟာအိုနှုတ်ဆက်လိုက်ပါတော့ ဟန်ဘင်းခေါင်းလေးငြိမ့်ပြကာ 'အင်း'ပဲပြောပြီး သူ့ကိုပိုတင်းတင်းဖက်ကာ မျက်လုံးပြန်မှိတ်ပြီးအိပ်ပြန်လေတယ်။ဟာအိုအလိုမကျချင်။ခါတိုင်းဆို သူက morning kissပေးရင် သူ့ကိုပြန်နမ်းတာမျိုး တစ်ခါတစ်ခါဆို သူ့ကိုကလိထိုးပြီးစတတ်သေးတာမို့ သူခဏခဏစိတ်ကောက်ရသေးတယ်။
ခုကျမှဘယ်လိုဖြစ်ရလဲ...။အိပ်ရေးမဝလို့များလား။မနေ့ညကလဲ Goodnight kissလေးပဲပေးပြီး အိပ်သွားခဲ့တာ။ဟာအိုလက်မလျှော့ချင်သေးပဲ ဟန်ဘင်းကိုနှိုးချင်သေးတာမို့ သူနဲ့နီးနေတဲ့ဟန်ဘင်းလည်ဇလုပ်လေးကို လက်ကလေးနဲ့ထိကိုင်ကစားနေလိုက်တော့...
"မလုပ်နဲ့...ကိုယ်အိပ်ချင်သေးလို့''
ဟန်ဘင်း သူ့လက်ကိုဆွဲဖယ်ပြီးပြောလာတော့ သူအံ့ဩလွန်းလို့ပါးစပ်ပါပွင့်ကျတယ်။ဟန်ဘင်းများမသိလို့လား...သူနည်းနည်းလောက် သဲလွန်စပေးလိုက်ရမလားတွေးပြီး...
"ဟန်ဘင်း...ဒီနေ့ဘာနေ့လဲသိလား....''
"ဖုန်းမှာကြည့်ပေါ့ကွာ....အိပ်နေတာကို''