"ဟန်ဘင်း...''
သူအမြဲကြားဖူးနေတဲ့ အသံတိုးတိုးလေးနဲ့သူ့နာမည်ကိုခေါ်လိုက်တဲ့အသံ။သူလွမ်းနေတဲ့လူသားလေ ။သူ့ရှေ့မှာရောက်နေလေတယ်။ဟန်ဘင်းထိုင်နေရာမှထလိုက်ပြီး သူ့ရှေ့ကလူသားလေးကို ခါးကနေဆွဲပွေ့ပြီးရင်ခွင်ထဲကိုထည့်ထားလိုက်မိတယ်။လွှတ်ပေးလိုက်ရင်လွတ်ထွက်သွားမှာစိုးမိတာနဲ့ခပ်တင်းတင်းဖက်ထားလိုက်မိတယ်။ဟန်ဘင်းခေါင်းလေးကိုစောင်းပြီး ဟာအိုလည်တိုင်နားမှာသူ့မျက်နှာကိုအပ်ထားလိုက်မိတယ်။ခဏလောက်ဘာစကားမှပြောမိကြပဲ ဟန်ဘင်းအသက်ပြင်းပြင်ရှူရှိုက်ပြီးတော့မှ...
"ကိုယ်ဂျီအာနဲ့လမ်းခွဲလိုက်ပြီ...ပြီးတော့ ကိုယ်ဟာအိုကိုချစ်နေမိပြီ''
ဟန်ဘင်း ပွေ့ထားရာမှနည်းနည်းဖြေလျှော့ပြီး ဟာအို့မျက်နှာလေးကိုကြည့်လိုက်တယ်။ပြီးတော့ ဟန်ဘင်းလက်နဲ့ဟာအိုမေးရိုးကိုပင့်ကိုင်လိုက်ပြီးကျန်းဟာအိုရဲ့အောက်နှုတ်ခမ်းလေးကို တစ်ရှိုက်မက်မက်နမ်းလိုက်မိတယ်။ကျန်းဟာအို သူ့လက်တွေနဲ့ ဟန်ဘင်းပုခုံးတွေကိုဆုတ်ကိုင်လာပြီး အနည်းငယ်တုန်ရီနေသယောင်ယောင်။အချိန်ြကာကြာကျန်းဟာအိုရဲ့ အပေါ်နှုတ်ခမ်းလေးနဲ့အောက်နှုတ်ခမ်းလေးကို တစ်လှည့်စီနမ်းရှိုက်နေရာမှ ဟန်ဘင်းသတိထားမိလာတာဟာအိုဆီကဘာတုန့်ပြန်မှုမှပြန်မလာခဲ့ပါ။မျက်လုံးမှိတ်ပြီးငြိမ်နေပေးတာကလွဲပြီး သူ့အနမ်းကိုရုန်းကန်တာရော လက်ခံတာရောရှိမနေခဲ့ပါ။
ဟန်ဘင်းအနမ်းတွေကိုရပ်လိုက်ပြီး ဟာအိုကိုကြည့်လိုက်မိတယ်။ဟာအိုသူ့ကိုမျက်နှာလွှဲထားပြီး ေအာက်နှုတ်ခမ်းလေးကိုဖွဖွလေးကိုက်ထားလေတယ်။ဟန်ဘင်း ဟာအိုကိုက်ထားတဲ့အောက်နှုတ်ခမ်းလေးကို သူ့လက်လေးနဲ့ဖယ်ထုတ်ပေးလိုက်ပြီး ဟာအိုရဲ့လည်တိုင်လေးကို နမ်းလိုက်လေတော့မှ ဟာအိုက...
"ဟန်ဘင်း....''
ကျန်းဟာအို အလန်တကြားနဲ့ခေါ်လိုက်လေတယ်။ဟန်ဘင်းခေါင်းထောင်ပြီး ဟာအိုကို ကြည့်လိုက်တော့ ခါးမှာသိုင်းဖက်ထားတဲ့ သူ့လက်ကိုဖြုတ်ပေးဖို့ ကျန်းဟာအို ရုန်းလာတယ်။ဟန်ဘင်း ကျန်းဟာအိုကိုလွှတ်ပေးလိုက်တော့...
