အပိုင်း ၁၅
ဟန်ဘင်းနဲ့ဟာအို တူတူနေတဲ့အချိန်ကြာလာတာနဲ့အမျှ ဟာအိုအကြောင်းကိုပိုသိလာရတယ်။အရင်ကတော့ ဟန်ဘင်းတစ်ယောက် တည်း မို့ဖြစ်သလိုနေတတ်ခဲ့တာ။စားပြီးရင်လဲထားခဲ့တာမျိုး။အိမ်သန့်ရှင်းရေးလုပ်တယ်ဆိုတာဘယ်လိုလုပ်ရတယ်ဆိုတာတောင်မသိခဲ့သူ။အဝတ်ဆိုတာလဲလျှော်စရာမလိုပဲ ဘီရိုထဲကပဲထုတ်ဝတ်ရတယ်လို့သိခဲ့သူ။ခုဟာအိုနဲ့တူတူနေတော့မှ အိမ်ကိုသန့်ရှင်းရေးလာလုပ်ပေးတဲ့အဒေါ်ကြီးကို သူတို့တူတူနေတာသိသွားရင်ရှက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မလာခိုင်းတော့ပဲ ကိုယ့်တာဝန်ကိုယ်ယူခိုင်းလေတော့တယ်။ကျန်းဟာအိုက ဟင်းချက်တာဝန်ယူပြီးသူက ပန်းကန်ဆေးတာ တာဝန်ယူရတော့ ဟန်ဘင်းဆေးရတာနဲ့စားရတာမကာမိပဲ အပြင်ကပဲမှာစားရအောင်ဆိုတော့ သူ့လက်ရာကိုမကြိုက်ဘူးလားဆိုပြီး စိတ်ကောက်လေတယ်။ကျောင်းပိတ် ရက်ဆိုရင် အိမ်သန့်ရှင်းရေးလုပ်တဲ့နေ့ဆိုပြီး သတ်မှတ်ပေးထားတာမို့ ဟန်ဘင်းဖုန်စုတ်စက်ဆိုတာကိုခုမှကိုင်ဖူးတော့တာပါ။ဘာလို့အမေ့ကိုအိမ်အကြီးကြီးပူဆာမိပါလိမ့်ဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်မိသေး။ကျန်းဟာအိုကတော့ နည်းနည်းမှမငြီးငြူ ။သန့်ရှင်းရေးလုပ်ရတာ Stressပြေတယ်ဆိုပဲ။
အဝတ်လျှော်တာကိုတော့ ဟာအိုပဲလုပ်ပေးလေတယ်။ဒိုဘီအပ်ဖို့အကြံေပးတော့လဲဟန်ဘင်း အင်္ကျီတွေက brandတွေများတာမို့ သူများတွေကတန်ဖိုးထားမှာမဟုတ်လို့ကိုယ်တိုင်ပဲလျှော်ပေးမယ်ဆိုပြီးတားမရ။ဘာတွေဘယ်လောက်ပဲပင်ပန်းပါစေမနက်မိုးလင်းလို့ သူ့ရင်ခွင်ထဲကနေ morningလို့နှုတ်ဆက်တတ်တဲ့အကောင်ပေါက်လေးကြောင့် ပင်ပန်းတယ်ဆိုတာဘာလဲလို့မေးရလောက်အောင်ပြေပျောက်စေပါတယ်။
တစ်ခါက ဟာအိုကသူနိုးနေတာမသိပဲနဲ့ တစ်ယောက်တည်းထသွားဖို့ပြင်တော့့သူဟာအို ကို စချင်တာမို့အိပ်ချင်ယောင်ဆောင်ပြီး ဟာအိုခါးကိုတင်းကြပ်နေအောင်ဖက်ထားလိုက်တော့ ကျန်းဟာအိုနည်းမျိုးစုံနဲ့သူ့ကိုရုန်းကာတစ်ယောက် တည်း ပွစိပွစိနဲ့ချစ်စရာကောင်းအောင်ပြောတတ်ပါသေးတယ်...
![](https://img.wattpad.com/cover/347117085-288-k755943.jpg)