အပိုင်း ၁၁
"ကိုယ့်ကိုချစ်တယ်လို့ဝန်ခံဖို့ ဘာကအဲ့လောက်ခက်ခဲနေလဲ ကျန်းဟာအို။စိတ်မကောင်းစရာပဲ ကိုယ်ရိပ်မိနေနှင့်ပြီးပြီ''
ကျန်းဟာအို ဟန်ဘင်းကိုမော့ကြည့်လာပြီမျက်ရည်တွေသာကျလာတော့တယ်။ဟန်ဘင်း ဟာအိုရဲ့မျက်ရည်တွေကို ခံနိုင်ရည်မရှိ။ဟန်ဘင်းအကြောက်ဆုံးလက်နက်နဲ့သူ့ကိုအလဲထိုးခံလိုက်ရတာမို့ဟန်ဘင်း အခန်းထဲက ထွက်သွားပေးလိုက်ပါတော့တယ်။
တံခါးကိုဆွဲဖွင့်လိုက်တော့ အပေါက်မှာရပ်နေတဲ့ မတ်သရူး။ဟန်ဘင်း မတ်သရူးကိုနှုတ်ဆက်စကားတောင်မပြောနိုင်ပဲ ထွက်ပြေးလာခဲ့တယ်။ဒီတော့မှ မတ်သရူးက အခန်းထဲဝင်သွားလိုက်ပြီး...
"အကုိဟာအိုများလိုတာရှိမလားလို့လာခဲ့တာ...ဟန်ဘင်းနဲ့လူနာစောင့်လဲရအောင်ပေါ့''
ကျန်းဟာအို မျက်ရည်တစ်ချို့ကိုသူ့လက်နဲ့ပွတ်တိုက်သုတ်လိုက်ရင်း...
"ရပါတယ်။မလိုပါဘူး။ကိုယ်လဲ ခဏနေ ဆေးရုံဆင်းတော့မှာပါ။မနေ့ကခေါ်လာပေးတာကျေးဇူးတင်ပါတယ်''
"ကျေးဇူးတင်ဖို့မလိုပါဘူး...ဟန်ဘင်းကိုသာကျေးဇူးတင်ရမှာ တစ်ညလုံးမအိပ်ပဲ အကိုဟာအိုဆေးသွင်းတာ စောင့်နေပေးတာ...''
ကျန်းဟာအိုဆီက ဘာအဖြေမှပြန်မလာခဲ့ပါ...
"ကျွန်တော့်နာမည် မတ်သရူးပါ။မိတ်မဆက်ရသေးဘူးထင်လို့။အကိုဟာအိုနဲ့ဖြစ်တည်မှု့တူတယ်ဆိုပါတော့....''
ဒီတော့မှ ကျန်းဟာအို မတ်သရူးကို ကြည့်လာတယ်။
"အကိုဟာအို ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ကိုယ့်ကြောင့်သူ့ဘဝ ကဲ့ရဲ့ခံရမှာကိုမလိုလားတာ။ဒါပေမယ့်လဲ ကျွန်တော်တို့လဲလူပဲ ချစ်တတ်သလို ချစ်ခံချင်တာပဲမဟုတ်ဘူးလား။ဘာလို့ကျွန်တော်တို့ကကိုယ်ခံစားချက်ကို မေ့ထားပြီး သူများခံစားချက်ကိုပဲရှေ့တန်းတင် နေရမှာလဲ။တစ်ခါတစ်လေကျ အတ္တကြီးတတ်ရတယ် အကို''
ကျန်းဟာအို မျက်ရည်တွေကျလာတော့တယ်။အသံမထွက်ပဲ ကြိတ်ငိုခဲ့ရတဲ့နေ့တွေဘယ်လောက်တောင်များ များခဲ့လဲ မတ်သရူး ကိုယ်ချင်းစာပါတယ်။မတ်သရူး မက်တပ်ရပ်ပြီး ကျန်းဟာအိုကို ဖက်ကာနှစ်သိမ်းပေးလိုက်မိတယ်။
