Unchangeable Love Season 2၄နှစ်ကြာပြီးနောက်....
ကျန်းဟာအို သူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ခွင့်ရခဲ့ပါြပီ။Bejinမှာကိုယ်ပိုင် Gloryဆိုတဲ့ရေမွှေးကုမ္ပဏီလေးက သူ့ကြိုးစားမှုရဲ့ရလာဒ်ကောင်းဖြစ်လာခဲ့တယ်။ဒီနေ့သူ့ကုမ္ပဏီလေးစဖွင့်တဲ့နေ့မို့ စိတ်လှုပ်ရှားနေခဲ့တာအမှန်ပါ။media သမားအချို့နဲ့ ရင်းနှီးတဲ့ရေမွှေးကုမ္ပဏီအချို့ ကိုဖိတ်ပြီး သူ့ကုမ္ပဏီမိတ်ဆက်ပွဲလေးလုပ်ဖြစ်ခဲ့တာပါ။
သူအခမ်းအနားမစသေးခင် ကုမ္ပဏီအပေါက်ဝမှာ တက်ရောက်လာတဲ့ မိတ်ဆွေတွေကိုနှုတ်ဆက်နေရင်း သူ့ရှေ့ကိုပန်းစီးကိုင်ထားတဲ့လူတစ်ယောက်ရောက်လာခဲ့တယ်။
အနက်ရောင်suitကိုဝတ်ထားပြီး ေသသပ်လှပတဲ့hair styleကလူကိုပိုခန့်ညားစေကာကော့စင်းနေတဲ့မျက်တောင်ရှည်တွေက အကြည့်စူးစူးတွေကိုပိုပြီး အားဖြည့်ပေးနေသလို ဖွဖွလေးစိထားတဲ့နှုတ်ခမ်းလေးတွေက တောက်ပတဲ့အပြုံးလေးတစ်ပွင့်ပန်ဆင်လာရင်းသူ့ကိုလက်တစ်ဖက်ကမ်းပေးကာ...
"Congratulations ကျန်းဟာအို... တစ်ခါလောက်တွေ့ဖူးချင်နေခဲ့တာ...High Class perfume CEO ဆောင်းဟန်ဘင်းပါ....''
တစ်ချို့ဆုံတွေ့ခြင်းတွေက ကံကြမ္မာရဲ့အလိုတော်အတိုင်း
ဖန်တီထားခဲ့ပြီးသားတွေပါ...Unchangeable Loveရဲ့Season2ကိုမိတ်ဆက်လိုက်ပါတယ်နော်😍😍😍
BinHaoကိုချစ်တဲ့စိတ်နဲ့စာစရေးဖြစ်ခဲ့တာကို အများကြီးဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်😘😘😘
မကြာခင်ပြန်လာခဲ့ပေးမှာမို့ အများကြီးချစ်ပေးကြပါဦးနော်😍😍😍