အပိုင်း ၁၉
"ဟာအို.......ဟာအို''ရေချိုးခန်းတံခါးကိုခပ်ပြင်းပြင်းထုရင်း ဟန်ဘင်းသူ့နာမည်ကိုကျယ်ကျယ်အော်ခေါ်တော့မှ သူbathtubထဲမှာထိုင်နေရာကအသိဝင်လာခဲ့တယ်။သူမြန်မြန်ထကာbathrobeကိုဝတ်ပြီးတံခါးကိုဖွင့်လိုက်တော့မှ.....
"ဟာအိုကကွာ...လန့်သွားတာကို''
သူရေချိုးခန်းထဲဝင်သွားတာ ၁နာရီလောက်ရှိသွားပြီမို့ဟန်ဘင်းသူ့ကိုစိတ်ပူသွားပုံရပါတယ်...
"ကိုယ်ခဏအိပ်ပျော်သွားတာပါ....''
ဟန်ဘင်း သူ့လက်ကိုဆွဲခေါ်လာပြီး ကုတင်ပေါ်မှာထိုင်စေလိုက်ကာတဘတ်တစ်ထည်ယူပြီး သူ့ခေါင်းကိုရေသုတ်ပေးလေတော့တယ်။
"အိပ်ပျော်စရာရှားလို့....အဲ့ဒါကြောင့်ဟာအိုကိုအလုပ်တွေမလုပ်စေချင်တာ''
"အင်း....အချိန်ပိုင်းအလုပ်တွေမလုပ်တော့ပဲရပ်လိုက်ရမလား....ကိုယ်ဟန်ဘင်းဘေးမှာ အချိန်များများရှိနေနိုင်အောင်''
ဟန်ဘင်း သူ့ခေါင်းရေခြောက်လောက်ပြီဆိုမှသုတ်ပေးနေတာကိုရပ်လိုက်ပြီး သူ့ရှေ့မှာထိုင်ကာ သူ့လက်ကလေးတွေကိုဆုတ်ကိုင်ရင်း...
"အဲ့လိုလုပ်မယ်ဆိုကိုယ်ကကျေးဇူးတင်တာပေါ့...ဟာအိုပင်ပန်းနေတာမ ကြည့်ရပ်ဘူး...''
ဘာမှမဟုတ်တဲ့ဟန်ဘင်းရဲ့စကားလေးကသူ့ကိုမျက်ရည်ဝဲသွားစေကာ ခေါင်းကိုအသာရမ်းလိုက်ပြီး....
"ကိုယ်မပင်ပန်းပါဘူး...ဟန်ဘင်းနားမှာနေချင်လို့ပါ''
"အရူးလေးလား...တစ်သက်လုံးတူတူနေရမှာကို...ဘာတွေတွေးပြီးဝမ်းနည်းနေပြန်တာလဲ...''
ဟန်ဘင်း သူ့လက်လေးတွေကိုပိုပြီးတင်းတင်းဆုတ်ကိုင်လိုက်ပြီး...
"အလှလေး....လက်တွေအေးနေတာပဲ ဖျားတော့မယ်...ကိုယ်နွားနို့ပူပူလေးယူလာခဲ့ပေးမယ်။အင်္ကျီလဲထားတော့နော်...''
ဟန်ဘင်း အခန်းထဲကထွက်သွားတော့ သူမျက်ရည်ကျလာမိတယ်။သူဉီးနှောက်ထဲမှာဘာမှမတွေးချင်တော့ဘူး။သူဟန်ဘင်းနားကနေထွက်မသွားချင်ဘူး။ဟန်ဘင်းမရှိပဲသူမနေနိုင်တာသေချာပါတယ်...
![](https://img.wattpad.com/cover/347117085-288-k755943.jpg)