အပိုင်း၄
အဲ့ဒီနေ့ကစပြီး ကျန်းဟာအိုနားမှာရှိနေဖို့ ဟန်ဘင်းတရားဝင် permitရလိုက်တာပါ။သူ့မှာအချိန်တွေအများကြီးမရှိဘူးလို့ပြောတာ ကျန်းဟာအို အပိုပြောတာမဟုတ်ကြောင်းသိလိုက်ရတယ်။ကျန်းဟာအိုရဲ့တစ်နေ့တာက အတန်းတက်တယ် Labအခန်းထဲ thesisလုပ်တယ် စာကြည့်တိုက်သွားတယ် နောက်ပြီးတရုတ်ဘာသာစကားသင်တန်းတစ်ခုမှ အချိန်ပိုင်းအလုပ်ပါရသွားတော့ ပိုဆိုးသွားလေတယ်။တစ်ခါတစ်လေ ခရီးသွားAgencyတွေ
က ဘာသာပြန်Guideခေါ်ရင်လဲ သွားလုပ်ပေးပြန်သည်။တကယ်ကိုမနက်၆နာရီလောက်ကနေည၁၀လောက်ထိနားချိန်မရှိတာပါ။ဟန်ဘင်းကသူ့schledueညှိပြီး ရအောင်လာတွေ့ပေးနေတာကို ဟာအိုက သူ့ကို အားနားနေပုံရပါတယ်။မနက်၆နာရီလာကြိုတာ တစ်ပတ်လောက်ကြာတော့ ဟန်ဘင်း အိပ်ရေးမဝနေတာ ဟာအိုရိပ်မိလာပြီး လာမခေါ်ခို်င်းတော့ဘူး။တစ်ခါတစ်လေ ဟန်ဘင်းနိုးတဲ့နေ့မှ လာခေါ်ပေးပါဆိုပြီး တောင်းဆိုလာတယ်။အဲ့ဒီအစား ညကိုဟာအို တရုတ်စာသင်တန်းအပြီး ဟန်ဘင်းအားတဲ့ရက်ကိုလာကြိုခွင့်ပေးလေတယ်။ အဲ့ကျ တစ်ခါတစ်လေ ညလယ်စာတူတူစာဖြစ်တာမျိုး ဒါမှမဟုတ် ဟန်ဘင်းက ဟာအိုကိုစားစေချင်တဲ့မုန့်ကိုဝယ်လာပေးတာမျိုးလုပ်ဖြစ်တယ်။
ကျန်ဟာအိုဘယ်လောက်တောင်ပင်ပန်းလဲဆိုရင် ဒီနေ့လဲ ဟန်ဘင်းဝယ်လာပေးတဲ့ ပေါင်မုန့်လေးကို စားနေရင်းမကုန်သေးခင်မှာအိပ်ပျော်သွားလေတယ်။ဟန်ဘင်းအဆောင်ရှေ့မှာကားရပ်ရင်းကျန်းဟာအိုကို ကြည့်ပြီးသက်ပြင်းချမိတယ်။ဘာတွေအတွက်အဲ့လောက်တောင်ပင်ပင်ပန်းပန်းလုပ်ဖို့လိုနေတာလဲ။သူကျန်းဟာအိုလက်ကကိုင်ထားတဲ့ ပေါင်မုန့်လေးကို အသာအယာ ယူလိုက်တော့ ကျန်းဟာအို နိုးလာခဲ့တယ်။"အိပ်ပျော်သွားလို့ sorryနော်ဟန်ဘင်း''
"ဟင့်အင်...ရပါတယ်။ဟာအိုအရမ်းပင်ပန်းနေတယ်''
"ဒါပေမယ့်လဲ လာကြိုပေးတဲ့သူငယ်ချင်းရှိတော့ ဇိမ်ကျကျအိပ်လိုက်ရတယ်'' ပြုံးပြီးပြောလေတယ်။
ဟန်ဘင်းအတွေးတစ်ခုချက်ချင်းဝင်လာပြီး...
"ဟာအို မနက်ဖြန် အတန်းတက်ဖျက်လို့ရလား''
![](https://img.wattpad.com/cover/347117085-288-k755943.jpg)