အပိုင်း ၁၈
ဟာအို သူ့ကိုစောင့်နေတဲ့ အမျိုးသမီးကြီးနဲ့အတူတူ ဟန်ဘင်းအိမ်ကိုထွက်လာခဲ့ကြတယ်။ရုတ်တရက် ဟန်ဘင်းအိမ်နဲ့သွားတွေ့ရမှာသူ့မှာ ဟန်ဘင်းအမေအတွက်ဘာလက်ဆောင်မှလဲမဝယ်မိပါ။စိတ်တွေအရမ်းလှုပ်ရှားနေခဲ့တာမို့ လက်ထိပ်လေးကိုအကြိမ်ကြိမ် ကုတ်ခြစ်နေမိခဲ့တယ်...
သူတို့တစ်မြို့တည်းတူတူနေတာဆိုပေမယ့် ဟန်ဘင်းအိမ်ရောက်အောင် ေတာ်ေတာ်ကြာကြာကားစီးခဲ့ရတယ်။ဟန်ဘင်းအိမ်ရောက်တော့ အခုဟန်ဘင်းနေနေတဲ့apartဆိုတာ အရမ်းကိုသေးငယ်နေတာ သူသိလိုက်ရတယ်။
အိမ်ရှေ့မှာဂေါက်ကွင်းတစ်ကွင်းစာလောက်ရှိတဲ့ စိမ်းစိုနေခဲ့ြမက်ခင်းပြင်ကြီးရယ် စိုက်ထားတဲ့သစ်ပင်ကြီးတွေရယ် လက်ရာမြောက်တဲ့ပန်းပုရုပ်ထုတွေရယ် ရေကူးကန်အကြီးကြီးရယ်ကို မြင်ရတာနဲ့တောင် ဘယ်မှသွားအပန်းဖြေစရာမလိုပဲ အိမ်ထဲတင်တောင်အပန်းပြေနိုင်ပါတယ်။
သူတို့ကားporticoအောက်ကိုထိုးရပ်လိုက်တော့ ကားမောင်းလာတဲ့driverကအပြေးဆင်းလာကာသူ့ကိုတံခါးဖွင့်ပေးတယ်။သူစင်ဝင်အောက်ကနေအိမ်ထဲကိုဝင်လိုက်လိုက်ချင်း ခမ်းနားလှတဲ့ နန်းတော်တစ်ခုကိုရောက်သွားလားခံစားလိုက်ရပါတယ်။
အိမ်ရဲ့ဧည့်ခန်းကိုရောက်ဖို့ ရှည်လျားတဲ့ လျှောက်လမ်းကြီးကိုဖြတ်ကျော်ရသေးတယ်။လျှောက်လမ်းတစ်လျှောက်နံရံအမြင့်ကြီးတွေမှာ ချိတ်ထားတဲ့ပန်းချီကားတွေရယ်လျှောက် လမ်း တစ်ဖက်တစ်ချပ်စီကကြွေပန်းအိုအကြီးကြီးတွေရယ် မျက်နှာ ကျက် ကမီးဆိုင်းကြီးရယ်တွေကိုကြည့်ပြီး ဟာအို ပါးစပ်ကလေးဟရလောက်အောင်ထိ အံဩရပါတယ်။သူ့စိတ်ထဲလည်းအတော်သိမ်ငယ်ရပါတယ်။
ဟန်ဘင်းကချမ်းသာတာသိပေမယ့် ဒီလောက်ထိချမ်းသာမှန်းမသိခဲ့တာအမှန်ပါ။ဟန်ဘင်းကိုလဲမိသားစုနဲ့ပတ်သတ်ပြီးတစ်ခါမှသူမမေးခဲ့ဖူးဘူး။နဂိုချမ်းသာတာသိတာမို့ ဟန်ဘင်းမိသားစုပိုင်ဆိုင်မှုကိုစိတ်ဝင်စားတယ်ထင်မှာစိုးတာနဲ့သူမမေးခဲ့တာပါ။ဒါပေမယ့်အခုသူထင်ထားတာထက်အများကြီးပိုနေခဲ့တာမို့ သူစိတ်ထဲ တကယ်သိမ်ငယ်မိပါတယ်။
