အပိုင်း ၁၀
ကျန်းဟာအိုကိုမတွေ့ပဲနေရတာ ဟန်ဘင်းအတွက်တစ်ရက်တစ်ရက် ငရဲကို နေ့စဉ်ခရီးသွားနေရသလိုပါပဲ။တစ်ခါတစ်လေ ငေးငေးငိုင်ငိုင် တစ်ခါတစ်လေ မှိုင်တွေရင်းနဲ့ပဲ ပျော်တယ်ဆိုတာကိုတောင်မေ့နေခဲ့ပါပြီ။ကျန်ဟာအိုသူ့ကိုထားသွားတဲ့တစ်ပတ်လောက်က သူဘာမှမလုပ်နိုင်အောင်အိမ်ထဲမှာသောက်နေရင်းနဲ့ပဲ ဖြတ်သန်းနေခဲ့မိတယ်။ဒါမှလဲ သူကျန်းဟာအိုကိုမေ့ထားနိုင်မယ်မဟုတ်ပါလား။ကြာလာတော့ သူ့သူငယ်ချင်းတွေက သူ့ကိုစိတ်ပူတာနဲ့ ခဏခဏလာမေးနေကြတော့ သူကျောင်းပြန်တက်ဖို့ဆုံးဖြတ်ရပါတော့တယ်။ကျောင်းလဲအရင်လောက်မတက်ဖြစ်ပဲ တစ်ပတ်ကိုအရေးကြီးတဲ့အချိန်လောက်သာသွားဖြစ်တော့တယ်။ မဟုတ်လို့ ကေျာင်းသွားရင် ကျန်းဟာအိုကိုသတိရပြီးတွေ့ချင်စိတ်ကိုသူထိန်းမထားနိုင်မှာစိုးလို့ပါ။သူစိတ်မထိန်းနိုင်ပဲသွားတွေ့မိလိုက်ရင် ကျန်းဟာအိုအတွက်အနှောက်အယှက်ဖြစ်သွားမှာ သူအရမ်းစိုးရိမ်ပါတယ်။
သူ့ကိုထပ်လာမရှာပါနဲ့တော့ဆိုတဲ့စကားကဟန်ဘင်းနားထဲမှာတစ်ဝဲလယ်လယ်။ဘယ်လိုလုပ်သူမရှာပဲနေနိုင်ပါ့မလဲ။ရူးမတတ်တွေ့ချင်တာကိုမျိုသိပ်ထားရတာ ခံရခက်မှန်း သူအခုမှသိခဲ့ရတယ်။အသည်းကွဲတယ်ဆိုတာ ထင်ထားတာထက်ဆိုးရွားမှန်းသူ့ကိုသိအောင် သင်ပေးနေတာပါလား။ကျန်းဟာအိုရဲ့နေ့ရက်တွေကရော သူ့လိုခါးသီးပြီးဖြတ်သန်းနေရလား။သူသိပ်ပြီးသိချင်မိပါတယ်။ဖြစ်တော့လဲမဖြစ်နိုင်ပါ ။သူ့ကိုမချစ်ပါဘူးလို့သေချာပြောခဲ့တဲ့ ကျန်းဟာအိုက သူ့အတွက်ဘာခံစားစရာလိုအပ်မှာလဲ....သူကသာ....
--------------------------------------------------------------------------
ဒီနေ့ ဟန်ဘင်းကျောင်းမတက်ဖြစ်ေတာ့ဂျီဝန်းတို့လေးယောက် ညနေအတန်းပြီးတော့ အဆောင်မပြန်ကြသေးပဲ ကော်ဖီဆိုင်ခဏထိုင်နေကြရင်း...
"ဟန်ဘင်း...ဒီလိုနဲ့ဆိုမကြာခင်လဲသွားတော့မှာ''
ဂွန်ဝုကဆိုလေတော့ဂယူဘင်းက....
"ငါတို့ကြောင့်သာကေျာင်းလိုက်တက်ပေးနေတာ။သူကြည့်ရတာ အမြဲလွင့်နေတာ...''